အိမ်ခြံမြေအရောင်းအဝယ်စာချုပ် ချုပ်ဆိုရာမှာ သိသင့်တဲ့ အချက်များ
စာချုပ်ဆိုတာ “အကြောင်းအရာတခုအပေါ်မှာ နှစ်ဦးနှစ်ဖက်သဘောတူညီချက်” ကို ခိုင်မာအောင် စာနှင့် ရေးသားဖော်ပြခြင်းပဲဖြစ်ပါတယ်။ တစ်ယောက်ရဲ့ကမ်းလှမ်းချက်ကို တစ်ယောက်က လက်ခံပြီး ကတိကဝတ်ပြုပြီးနောက်မှာ “နှစ်ဦးသဘောတူ စာချုပ်” ကိုချုပ်ဆိုကြပါတယ်။ စာချုပ်တစ်ရပ်ကို ဘယ်လိုပဲ ခိုင်မာအောင်ချုပ်ချုပ် တရားဥပဒေက ပျက်ပြယ်တယ်လို့ ပြဌာန်းထားတဲ့ အချက်ကို ချုပ်ဆိုထားမိရင် စာချုပ်က တရားဝင်မဖြစ်ပါဘူး။ ဒါကြောင့် စာချုပ်ချုပ်ဆိုသူများ အနေနဲ့ ပြဌာန်းချက်တွေနဲ့ မငြိစွန်းအောင် ချုပ်ဆိုတတ်ဖို့ အရေးကြီးပါတယ်။ အိမ် ခြံ မြေနဲ့ပတ်သက်ပြီး ချုပ်ဆိုတဲ့စာချုပ်မျိုးတွေမှာ အောက်ပါအချက်များကို ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုပေးဖို့ လိုပါတယ်။ – စာချုပ်ချုပ်ဆိုသူများရဲ့ အမည်၊ အဖအမည်၊ မှတ်ပုံတင်နံပါတ်။ – ပစ္စည်းအမျိုးအစား၊ တည်နေရာ၊ အကျယ်အဝန်း။ (ပစ္စည်းရဲ့အချက်အလက်အပြည့်အစုံကိုဖော်ပြဖို့လိုပါတယ်။) – ကမ်းလှမ်းချက်နဲ့ သဘောတူညီချက် ပါရပါမယ်။ – အရောင်းအဝယ်လုပ်တဲ့ …