Search...

Currency: MMK

မြေအမျိုးအစား ဘယ်နှမျိုးရှိသလဲ

Scroll Down To Discover

မြေအမျိုးအစား ဘယ်နှမျိူးရှိလဲ❓

ပါမစ်မြေ၊ ဂရန်မြေဆိုတာ ဘာတွေလဲ❓

မြေအမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားထားပါတယ်။

(က) ?️ဘိုးဘပိုင်မြေ (မြေပိုင်မြေ)?️

အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဉပဒေပုဒ်မ(၄) ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချ ပိုင်ဆိုင်လာပြီး လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေအမျိုးအစား ဖြစ်ပါသည်။

(ခ) ?️မြေငှားဂရန်မြေ?️

ရန်ကုန်စည်ပင်သာယာ မြေနည်းဉပဒေအရ ကော်မတီ (ယခင် ရန်ကုန်စည်ပင်သာယာအဖွဲ့/ မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေး ဉီးစီးဌာန) သို့ အပ်ထားသည့် မြေများကို စည်းကမ်းချက်များ သတ်မှတ်၍ နှစ်ကာလ အပိုင်းအခြားဖြင့် အဌားချထားသည့် မြေမျိုးဖြစ်ပါသည်။

(ဂ) ?️စကွာတာမြေ?️

မြေငှားဂရန် မယူခဲ့၍သော်လည်းကောင်း၊ မြေငှားဂရန် သက်တမ်းကုန်ဆုံးပြီးနောက် သက်တမ်းအသစ် လဲလှယ်ခြင်း မပြုခဲ့၍သော်လည်းကောင်း၊ ဂရန်စည်းကမ်းချက်ပါ တရပ်ရပ် ဖောက်ဖျက်ခဲ့၍လည်းကောင်း၊ စကွာတာကျူးလွန်ခြင်းပြေစာ ဖြင့် စည်းကမ်းကောက်ခံသော မြေမျိုးဖြစ်ပါသည်။

(ဃ) ?️လိုင်စင်မြေ?️

အောက်မြန်မာပြည် မြို့နှင့်ရွာများအက်ဉပဒေ ပုဒ်မ (၄) ပုဒ်မခွဲ (၇) အရ သတ်မှတ်သည့် မြေမျိုးဖြစ်ပြီး စည်းကမ်းချက်ဖြင့် ယာယီသုံးစွဲခွင့်ပေးသော မြေမျိူးဖြစ်ပါသည်။

(င) ?️ပါမစ်မြေ?️

စည်ပင်ပြန့်ပြောမှုမရှိသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့် အိမ်ရာဆောက်လုပ်နေထိုင်ခွင့် ချထားပေးသော မြေမျိူးဖြစ်ပါသည်။

(စ) ?️ဂရန်ရှိ မြေပိုင်မြေ?️

ဘိုးဘပိုင်မြေ (မြေပိုင်မြေ) ကဲ့သို့ မြေမျိုးဖြစ်ပါသည်။

(ဆ) ?️အခွန်လွတ် သာသနာ့ဂရန်မြေ?️

သာသနာရေး၊ ဘာသာရေးအတွက် ထုတ်ပေးသော မြေမျိုးဖြစ်ပါသည်။

(ဇ) ?️သိမ်ဂရန်?️

ရန်ကုန်စည်ပင်သာယာနည်းဉပဒေ (၃၇) တွင် သိမ်၊ ဂရန် ကို လူပုဂ္ဂိုလ်ကသာ လျှောက်ထားနိုင်သည်ဆိုသည့် အချက်မှအပ ထူးထူးခြားခြား သတ်မှတ်ချက် မရှိပါ။

(ဈ) ?️ကျူးကျော်မြေ?️

အစိုးရမြေပေါ်တွင် ခွင့်ပြုချက်တစုံတရာမရှိပဲ ဝင်ရောက်ကျုးကျော်နေထိုင်သည့် မြေမျိုးဖြစ်ပါသည်။

(ည) ?️စနစ်တကျ ကျူးလွန်ခြင်းမြေ?️

စနစ်တကျ ရပ်ကွက်အတွင်း မြို့ကွက် ရိုက်ထားသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်းပြေစာဖြင့် စည်းကြပ်ကောက်ခံသော မြေမျိုးဖြစ်ပါသည်။

? အမှတ်(၇၂၇)၊ ပြည်ထောင်စုလမ်းမကြီး၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်

? အမှတ်(၈၄)၊ ဓမ္မဝိဟာရလမ်း၊ ကျောက်မြောင်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ တာမွေ မြို့နယ်

Add Comment