Search...

Currency: MMK

အိမ်ကို ဘယ်လို ထိန်းသိမ်းကြမလဲ

အိမ်ဆိုတာ လူတိုင်းအတွက် ခိုနားရာလေး ဖြစ်သလို .. လုံခြုံရာ အသိုက်အမြုံတစ်ခုလည်းဖြစ်ပါတယ်…… နားခိုရာလေးကို ပိုင်ဆိုင်ရုံနဲ့ မလုံလောက်ပါဘူး…… ထိန်းသိမ်းရမှာကိုလည်း သတိပြုစေလိုပါတယ်….. စနစ်တကျထိန်းသိမ်းမှုကို မလုပ်ရင် အချိန်မတန်ခင် ယိုယွင်းပျက်စီးမှုတွေ၊ဆုံးရှုံးမှုတွေဖြစ်လာမှာပါ… ဒါကြောင့် နွေမိုးဆောင်းဥတုသုံးပါးစလုံး အိမ်ကိုအမြဲစစ်ဆေးပြီး ပြင်သင့်တာပြင်၊ ထိန်းသိမ်းသင့်တာထိန်းသိမ်းရပါမယ်နော်… အိမ်တစ်လုံးကို ထိန်းသိမ်းပုံကိုတော့ ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ် အိမ်ခေါင်မိုးနဲ့ မျက်နှာကျက်တွေကို စစ်ဆေးပါ မိုးတွင်းအိမ်အတွင်း ရေမစိမ့်စေဖို့ ခေါင်မိုးပေါက်တွေ ရှိရင် ဖာဖို့နဲ့ နံရံကြားတွေ ရေစိမ့်ဝင်မှု နည်းစေတဲ့ သုတ်ဆေး သုံးဖို့ မမေ့ပါနဲ့နော်… ညောင်ပင်တွေ ရှိမရှိ စစ်ပါ ညောင်မြစ်စွဲသွားရင် အိမ်ပြိုတဲ့ထိ အန္တရာယ်ကြီးတာမို့ မိမိအိမ်ဘေး နောက်ရှေ့တွေမှာ ညောင်ပင်ပေါက်နေတာတွေ့ရင် ခုတ်ထွင်ဆားဖြူးပြီး နားလည်တဲ့သူနဲ့ ချက်ချင်းရှင်းပစ်ပါ… လေဝင်လေထွက် ကောင်းပါစေ နေ့အချိန် ပြတင်းပေါက်တွေဖွင့်ထားပြီး …