Search...

Currency: MMK

အပျောက်စနစ်ဖြင့်တိုက်ခန်းဝယ်ယူခြင်း

Scroll Down To Discover

မြန်မာနိုင်ငံမှာ လူဦးရေ တိုးပွားလာတာနဲ့အမျှ စား၊ ဝတ်၊ နေရေး အရေး သုံးပါးထဲက အဓိကကျတဲ့ အရေးကိစ္စမှာ နေထိုင်ရေးပင် ဖြစ်ပါတယ်။ နေ့စဥ်ကြုံတွေ့ရမယ့် စိတ်ဆင်းရဲမှု၊ ခက်ခဲမှုတွေထဲမှာမှ နေစရာအ ခက်အခဲရှိတာဟာ အလွန်ကြီးမားလှတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ၁၉၆၀ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေကို ပြဌာန်းခဲ့ပါတယ်။

မြို့ပြဆိုင်ရာဌားရမ်းခကြီးကြပ်ရေးအက်ဥပဒေပြဌာန်းရခြင်းရဲ့ရည်ရွယ်ချက်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် လူနေအိမ်တွေနဲ့ အဆောက်အဦးများ ရှားပါးလာသည့်အတွက် အိမ်ခြံမြေပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ချက်နဲ့ ပြဌာန်းခြင်း ဖြစ်ပါတယ်။ မူလအစမှာ နေအိမ်အပိုင်ရှိတဲ့လူတွေက နေစရာမရှိတဲ့လူတွေကို ၎င်းတို့ ရဲ့နေအိမ်မှာ အခမဲ့နေထိုင်ခွင့်ပြုခဲ့ကြတယ်။ နှစ်ကာလကြာညောင်းလာသည်နှင့်အမျှ အိမ်ပိုင်ရှင်တွေက အိမ်ငှား များထံမှ ငှားရမ်းခတောင်းခံလာကြပြီး ယခုအခါ လချုပ်၊ နှစ်ချုပ်ဖြင့် အိမ်ခြံမြေငှားရမ်းမှုများကို ပြုလုပ်လာကြပါသည်။ ထိုမှတစ်ဆင့် အိမ်ခြံမြေကို အပျောက်စနစ်ဖြင့် ဝယ်ယူခြင်းများရှိလာသည်ကို တွေ့ရပါတယ်။

အပျောက်တိုက်ခန်းဆိုသည်မှာ အိမ်ငှား(Tanant)တစ်ဦးက ထိုတိုက်ခန်းကို သတ်မှတ်တန်ဖိုးတစ်ခုဖြင့် ပေးဝယ်ပြီး နေထိုင်ခွင့်၊ ငှားရမ်းပိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့်ရှိတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ၁၉၆၀ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေနှင့်အညီ ဝယ်ယူသူက အချိန်ကာလသတ်မှတ်ထားခြင်းမရှိဘဲ တိုက်ခန်းကို လက်ဝယ်ထားပိုင်ခွင့်အတွက် မြေရှင်အား ငှားရမ်းခပေးရန်နှင့် ယင်းဥပဒေကိုလိုက်နာရန် လိုအပ်ပါတယ်။

အထက်တွင်ဖော်ပြထားတဲ့လုပ်ပိုင်ခွင့်များအနက်မှ လက်ရှိဝယ်ယူသူက ၎င်း၏နေထိုင်ပိုင်ခွင့်ကို အခြား သူတစ်ဦးသို့ လွှဲပြောင်းပေးအပ်ခဲ့ပါက မြေရှင်မှ အဆိုပါအခြားသူတစ်ဦးအား အိမ်ငှား(Tanant)အဖြစ် ဆက်လက် အသိအမှတ်ပြု‌ပေးရမည်။ အဆိုပါတိုက်ခန်းကို အဆင့်ဆင့်လွှဲပြောင်းရောင်းချသည့်အခါတိုင်း အသိအမှတ်ပြုပေးခအဖြစ် ငွေကြေးတစ်ရပ်ကို မြေရှင်သို့ပေးရသည်မှာ အစဥ်အလာတစ်ရပ်ကဲ့သို့ ဆောင်ရွက်လာကြပြီး မြေရှင်၏ တာဝန်မှာ တိုက်ခန်းဝယ်ယူသူအား ဆက်လက်အသိအမှတ်ပြုပေးရန် ဖြစ်ပါတယ်။

အနှစ်ချုပ်ကိုဖော်ပြရမယ်ဆိုရင်အပျောက်စနစ်ဖြင့် ဝယ်ယူသည့်တိုက်ခန်းသည် တိုက်ခန်းပိုင်ရှင်ထံမှ သတ်မှတ်ထားသည့် တိုက်ခန်းတန်ဖိုးငွေကို အပြေအကြေပေးချေ၍ နေထိုင်ခွင့်၊ အခြားသူတစ်ဦးအား ငှားရမ်းပိုင် ခွင့်၊ ထပ်ဆင့်လွှဲပြောင်းပိုင်ခွင့်ရှိကြောင်းတွေ့ရပါသည်။

ကိုးကား – တရားရေးဂျာနယ်၊ စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုနည်းလမ်းညွှန်

ဒေါ်ခင်ယမုံဇော်

LL.B(Q) (HGP)

အထက်တန်းရှေ့နေ

?စံပယ်အိမ်ခြံမြေ?

မြေကွက်ရောင်းဝယ်ရေးနှင့် ဥပဒေပိုင်းဝန်ဆောင်မှု အကျိူးဆောင်လုပ်ငန်း

☎ 09-5032315

☎ 09-76 5032315

☎ 09-88 5032315

☎ 09-95 5032315

☎ 09-42 5004322

? အမှတ်(၇၂၇) ပြည်ထောင်စုလမ်းမကြီး၊ (၃၇)ရပ်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်။

Add Comment