Search...

Currency: MMK

လူတွေအမေးများတဲ့မြေဧကတွက်နည်း

၁ ဧက = ၂၀၈.၇၁၁ ပေ ၂၀၈.၇၁၁ ပေ ၁ ဧက = ၄၀၄၇ စတုရန်းမီတာ ၁ ဧက = ၄၃၅၆၀ စတုရန်းပေ ၁ ပေ(sqft)= ၀.၀၉၂၉ Square metre ၁ မီတာ = ၃.၂၈၁ ပေ ၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ ၁ ဟက်တာ = ၂.၄၇၁ ဧက Square feet မှ ဧကပြောင်း Sqft 43560= ( ) ဧက ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင် 20000 43560 = 0.459 ဧက …

မြေအမျိုးအစားအလိုက် သတ်မှတ်ထားသော သင်္ကေတများ

အိမ်ခြံမြေလောကမှာ အမျိုးအစားပေါ်မူတည်ပြီး သင်္ကေတအမျိုးမျိုးနဲ့ ခွဲခြားထားပါတယ်။ ဂရန်မြေဆိုရင် သင်္ကေတ ( L ) နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။ ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ ( B ) နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲ သည်။ အစိုးရမြေဆိုရင် သင်္ကေတ ( A ) နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲသည်။ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ ဆွဲပြီး သာသနာ့မြေဆိုရင် အစိမ်းရောင်နှင့် ဆွဲသည်။ အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆိုတာကို ခွဲခြားလို့ရပါတယ်။ တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် …

အမေးအများဆုံး အိမ်ခြံမြေလောက မေးခွန်းများ

အိမ်ခြံမြေလောကမှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတွေ ရှိပါတယ်။ အဲ့အထဲကမှ အမေးအများဆုံး မေးခွန်း ၅ခု အကြောင်းကို ဖော်ပြပေးသွားပါမယ်။ ၁။ ပါမစ်မြေ ဝယ်ရမှာလား ဂရန်မြေ ဝယ်ရမှာလား မိမိ လိုအပ်ချက်အပေါ် မူတည်ပါတယ်။ (က) အခွန်မဆောင်ချင်၊ အခွန်ငွေ သက်သာချင်ရင် ပါမစ်ကိုရွေးပါ။ ကိုယ်ပိုင်လုံးချင်းအဖြစ် ၃ထပ်အထိသာ တိုက်‌ဆောက်လို့ ရပါတယ်။ တရားဝင်ပိုင်ဆိုင်ခွင့်၊လွဲပြောင်းခွင့်တော့ မရှိပါ။ အမည်ပြောင်းလို့ မရဘူး။ရောင်းချလို့တော့ ရပါတယ်။ (ခ) တရားဝင် ပိုင်ချင်တာ ဆိုရင် ဂရန်ကို ရွေးပါ ။ ကန်ထရိုက်တိုက်(သို့)ကိုယ်ပိုင်တိုက် ၆ထပ် အထိ ဆောက်ခွင့် ရှိပါတယ်။ ဘဏ်ကို အာမခံ တင်သွင်းလို့ရသလို သားစဥ်မြေးဆက် ပိုင်ဆိုင်ခွင့်ရမယ်။ လွဲပြောင်းရောင်းချခွင့် ရမယ်။ ၂။ ပါမစ် ပိုကောင်းလား၊ ဂရန် …

အိမ်ကို ဘယ်လို ထိန်းသိမ်းကြမလဲ

အိမ်ဆိုတာ လူတိုင်းအတွက် ခိုနားရာလေး ဖြစ်သလို .. လုံခြုံရာ အသိုက်အမြုံတစ်ခုလည်းဖြစ်ပါတယ်…… နားခိုရာလေးကို ပိုင်ဆိုင်ရုံနဲ့ မလုံလောက်ပါဘူး…… ထိန်းသိမ်းရမှာကိုလည်း သတိပြုစေလိုပါတယ်….. စနစ်တကျထိန်းသိမ်းမှုကို မလုပ်ရင် အချိန်မတန်ခင် ယိုယွင်းပျက်စီးမှုတွေ၊ဆုံးရှုံးမှုတွေဖြစ်လာမှာပါ… ဒါကြောင့် နွေမိုးဆောင်းဥတုသုံးပါးစလုံး အိမ်ကိုအမြဲစစ်ဆေးပြီး ပြင်သင့်တာပြင်၊ ထိန်းသိမ်းသင့်တာထိန်းသိမ်းရပါမယ်နော်… အိမ်တစ်လုံးကို ထိန်းသိမ်းပုံကိုတော့ ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ် အိမ်ခေါင်မိုးနဲ့ မျက်နှာကျက်တွေကို စစ်ဆေးပါ မိုးတွင်းအိမ်အတွင်း ရေမစိမ့်စေဖို့ ခေါင်မိုးပေါက်တွေ ရှိရင် ဖာဖို့နဲ့ နံရံကြားတွေ ရေစိမ့်ဝင်မှု နည်းစေတဲ့ သုတ်ဆေး သုံးဖို့ မမေ့ပါနဲ့နော်… ညောင်ပင်တွေ ရှိမရှိ စစ်ပါ ညောင်မြစ်စွဲသွားရင် အိမ်ပြိုတဲ့ထိ အန္တရာယ်ကြီးတာမို့ မိမိအိမ်ဘေး နောက်ရှေ့တွေမှာ ညောင်ပင်ပေါက်နေတာတွေ့ရင် ခုတ်ထွင်ဆားဖြူးပြီး နားလည်တဲ့သူနဲ့ ချက်ချင်းရှင်းပစ်ပါ… လေဝင်လေထွက် ကောင်းပါစေ နေ့အချိန် ပြတင်းပေါက်တွေဖွင့်ထားပြီး …