Search...

Currency: MMK

အမေးအများဆုံး အိမ်ခြံမြေလောက မေးခွန်းများ

Scroll Down To Discover

အိမ်ခြံမြေလောကမှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတွေ ရှိပါတယ်။ အဲ့အထဲကမှ အမေးအများဆုံး မေးခွန်း ၅ခု အကြောင်းကို ဖော်ပြပေးသွားပါမယ်။

၁။ ပါမစ်မြေ ဝယ်ရမှာလား⁉️ ဂရန်မြေ ဝယ်ရမှာလား ⁉️

👍 မိမိ လိုအပ်ချက်အပေါ် မူတည်ပါတယ်။

(က) အခွန်မဆောင်ချင်၊ အခွန်ငွေ သက်သာချင်ရင် ပါမစ်ကိုရွေးပါ။ ကိုယ်ပိုင်လုံးချင်းအဖြစ် ၃ထပ်အထိသာ တိုက်‌ဆောက်လို့ ရပါတယ်။ တရားဝင်ပိုင်ဆိုင်ခွင့်၊လွဲပြောင်းခွင့်တော့ မရှိပါ။ အမည်ပြောင်းလို့ မရဘူး။ရောင်းချလို့တော့ ရပါတယ်။

(ခ) တရားဝင် ပိုင်ချင်တာ ဆိုရင် ဂရန်ကို ရွေးပါ ။ ကန်ထရိုက်တိုက်(သို့)ကိုယ်ပိုင်တိုက် ၆ထပ် အထိ ဆောက်ခွင့် ရှိပါတယ်။ ဘဏ်ကို အာမခံ တင်သွင်းလို့ရသလို သားစဥ်မြေးဆက် ပိုင်ဆိုင်ခွင့်ရမယ်။ လွဲပြောင်းရောင်းချခွင့် ရမယ်။

၂။ ပါမစ် ပိုကောင်းလား၊ ဂရန် ပိုကောင်းလား

လိုအပ်ချက်ပေါ် မူတည်ပြီး ရွေးကြပါ။ ဘာပဲဝယ်ဝယ် စစ်မှန်ဖို့ အရေးကြီးဆုံးပါ။

၃။ အိမ်ခြံမြေ၀ယ်ရင် ရှေ့နေလိုသလား⁉️👩‍⚖️

ဒီနေ့အချိန်မှာ အနည်းဆုံး သိန်းရာကျော်ပေးရတဲ့ အိမ်ခြံမြေကို မိမိ နားမလည်ဘူး၊ နားလည်ရင်တောင် အချိန်မပေးနိုင်ဘူးဆိုရင် ကျွမ်းကျင်သူလက်ထဲသာ အပ်လိုက်ပါ။ ရှေ့နေ ဝန်ဆောင်ခ နှမျောပြီး မကျွမ်းကျင်ဘဲ ဝယ်ယူလိုက်ရင် နောက်ဆက်တွဲပြဿနာ ကြုံရနိင်ပါတယ်။

အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ထွင်းနေရတဲ့ သာဓကများ ကြားဖူးကြမှာပါ။

တစ်ကယ်တော့ အိမ်ခြံမြေဝယ်ရင် အချက်အများကြီး လိုပါတယ်။

✅ အရှုပ်အရှင်းကင်းဖို့

✅ စာရွက်စာတမ်းစစ်မှန်ဖို့

✅ ပြည့်စုံဖို့

✅ လက်ရောက်ရဖို့

✅ တရားဝင်ပိုင်ဆိုင်ဖို့ ……

၄။ သတင်းစာကြော်ငြာထည့်ရမှာလား ⁉️📝

လူတိုင်း သတင်းစာ မဖတ်ပါဘူး၊ ဒါပေမဲ့ မိမိက သဘောရိုးနဲ့ လူသိရှင်ကြား ကြော်ငြာထည့်ပြီး ဝယ်ထားတာဆိုတဲ့ အသံမထွက်တဲ့ စကားမပြောတဲ့ သက်သေပါ။ အမှုဖြစ်လို့ တရားရုံးရောက်သွားမှ ကြော်ငြာတန်ဖိုး သိတာမဟုတ်ပါ၊ ကုန်ကျစရိတ်နည်းပြီး ရောင်းချသူရဲ့ လူမှုရေး အရှုပ်အထွေးကိုလည်း ဖော်ထုတ်နိုင်တာ သတိပြုသင့်ပါတယ်။

၅။ ကိုယ့်အမည်ပြောင်းထားရမှာလား ⁉️

ပြောင်းထားသင့်ပါတယ်။ သူတပါးအမည်ဖြစ်နေသရွေ့ ကိုယ်မပိုင်ပါ၊ ဘာမှမဖြစ်ရင် မဖြစ်ပါ၊ဖြစ်လာရင် တရားဝင် မပိုင်လို့ ဆုံးရှုံးမှု ကြုံရနိုင်ပါတယ်။ အမည်ပြောင်းမထားဘဲ ပါဝါယူထားရင် ပါဝါ‌ပေးသူ သေဆုံးရင် ပါဝါ ပျက်ပြယ်ပါတယ်၊ အဲတော့မှ မိသားစုကို ရှာပြီး အမွေဆက်ခံလုပ်ရင် ‌ငွေရော အချိန်ပါ ပိုကုန်ပါတယ်။

၆။ မြေကွက်လွတ်ကိုခြံခတ်ထားသင့်လား ⁉️

စာရွက်တွေစာတမ်းတွေက မှန်နေတာဘဲ၊ ဒါမှမဟုတ် ကိုယ့်အမည်ပေါက်ဖြစ်သွားပြီ ဆိုပြီး မြေလွတ်ကို ပစ်မထားကြပါနဲ့၊ လက်‌ရောက်ယူထားပါ၊ ကျူးကျော်တာမျိုး ၊စာရွက်အတု လုပ်ပြီးရောင်းစားတာမျိုး ကြားဖူးကြမှာပါ။ အမှုတခုဖြစ်ရင် ခြံခတ်လို့ ကုန်တဲ့စရိတ်က အမှုန်လောက်ဖြစ်သွားတာ တွေ့ရပါမယ်။

အိမ်ခြံမြေဝယ်သူများအားလုံး တန်ဖိုးရှိတဲ့ မိမိတို့အိမ်ခြံမြေများကိုသောကကင်းကင်းနဲ့ ပိုင်ဆိုင်နိုင်ကြပါစေလို့

📌 အိမ်ခြံမြေလုပ်ငန်းစဥ်များအတွက် တိုင်ပင်ဆွေးနွေး/ လုပ်ငန်းများအပ်နှံလိုပါက

ဒေါ်ခင်ယမုံဇော်

LL.B(Q),(HGP)

👩‍⚖️အထက်တန်းရှေ့နေ 👨‍⚖️

⚖️ စဥ် – ၄၇၄၅၉/၂၀၁၆ ⚖️

🍀စံပယ်အိမ်ခြံမြေ🍀

မြေကွက်ရောင်းဝယ်ရေးနှင့် ဥပဒေပိုင်းဝန်ဆောင်မှု အကျိူးဆောင်လုပ်ငန်း

☎ 09-5032315

☎ 09-76 5032315

☎ 09-88 5032315

☎ 09-95 5032315

☎ 09-42 5004322

🏠 အမှတ်(၇၂၇) ပြည်ထောင်စုလမ်းမကြီး၊ (၃၇)ရပ်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်။

Add Comment