Search...

Currency: MMK

မြေအမျိုးအစားအလိုက် သတ်မှတ်ထားသော သင်္ကေတများ

Scroll Down To Discover

အိမ်ခြံမြေလောကမှာ အမျိုးအစားပေါ်မူတည်ပြီး သင်္ကေတအမျိုးမျိုးနဲ့ ခွဲခြားထားပါတယ်။

ဂရန်မြေဆိုရင် သင်္ကေတ ( L ) နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။

ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ ( B ) နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲ သည်။

အစိုးရမြေဆိုရင် သင်္ကေတ ( A ) နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲသည်။

ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ ဆွဲပြီး

သာသနာ့မြေဆိုရင် အစိမ်းရောင်နှင့် ဆွဲသည်။

အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆိုတာကို ခွဲခြားလို့ရပါတယ်။ တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။

မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …

၁။ မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင်( R/ P/ M ) တို့နှင့်ပြပြီး

(က) ပထမတန်းစားဆိုရင် ( R 1 )

(ခ) ဒုတိယတန်းစားဆိုရင် ( R 2 )

တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား ( R 3 )

တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား ( R 4 )နဲ့ပြကြပါတယ်။

၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် ( RG )

၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် ( RP )

၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် ( TM )

၅ ။ မူရင်းလယ်မြေဆိုရင် ( M/MY )

၆ ။ ချောင်းရေဝင်မြေဆိုရင် ( c )

၇ ။ ယာမြေဆိုရင် ( Y )

၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် ( RR )

၉ ။ တောင်ယာမြေဆိုရင် ( TY / YY )

၁၀ ။ ကိုင်းမြေဆိုရင် ( K / KA / KY )

၁၁ ။ ကိုင်းမြေရင့်ဆိုရင် ( KY )

၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် ( G / U )

၁၃ ။ ဓနိမြေဆိုရင် ( D )

၁၄ ။ အပိုင်ရမြေဆိုရင် ( O )

၁၅ ။ အပိုင်ဂရန်မြေဆိုရင် ( G )

၁၆ ။ အငှားဂရန်မြေဆိုရင် ( L )

စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။

ဒေါ်ခင်ယမုံဇော်(09885032315)

အထက်တန်းရှေ့နေ(ဥပဒေတာဝန်ခံ)

စံပယ်အိမ်ခြံမြေနှင့်ဥပဒေပိုင်းဝန်ဆောင်မှု ကုမ္ပဏီ

Add Comment