Search...

Currency: MMK

ပါမစ်မြေအကြောင်းသိကောင်းစရာ

Scroll Down To Discover

မြန်မာနိုင်ငံတွင် ကျေးလက်မြို့ရွာများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြေယာနှင့်အဆောက်အအုံဆိုင်ရာပြဿနာ အများအပြား ကြုံတွေ့လာကြရပါ သည်။ ရန်ကုန်နှင့်မန္တလေးကဲ့သို့ မြို့ကြီးပြကြီးများ၌ ယခင်န.ဝ.တလက်ထက်ကချပေးခဲ့သည့် ပါမစ်မြေများနှင့်ပတ်သက်၍ အ များ သူငါသိကောင်းစရာအဖြစ် တင် ပြပေးခြင်းဖြစ်ပါသည်။

?ပါမစ်မြေ(အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)ဆိုသည်မှာ မြေနေရာချထားသည့် အမိန့်ဖြစ်ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက် ရေးအဖွဲ့(န.ဝ.တ)လက်ထက်တွင် မြန်မာနိုင်ငံအနှံ့အပြား၌ မြို့သစ်များဖော်ထုတ်သည့် စီမံကိန်းများကို နိုင်ငံတော်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်တိုင်းရှိ ဒဂုံမြို့သစ်၊ ရွှေပြည်သာ၊ လှိုင်သာယာ စသည့်မြို့များတွင် ပါမစ်မြေများကိုစတင်၍ သတ်မှတ်ချထားပေးခဲ့ပါသည်။

– ကိုယ်ပိုင်အိမ်ရာမရှိသော လုပ်သက်နှစ် ( ၂၀ )နှင့်အထက် နိုင်ငံဝန်ထမ်းများကိုမဲစနစ်ဖြင့်ချထားပေးသောမြေဖြစ်ပါသည်။

– ၎င်းနောက်ရပ်ကွက်ပြောင်းရွှေ့သောပြည်သူများကိုလည်းချထားပေးပါသည်။

………………?………………

⭐️ပါမစ်မြေချထားခံရသူကို ချထားပေးသည့် ပါမစ်စည်းကမ်းချက်များအရဆိုလျှင်-

? ၁။ မြေရရှိသူသည်( ၇ )ရက်အတွင်း သက်ဆိုင်ရာမြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် သွားရောက်၍ မှတ်ပုံတင်ပြီးမြေကိုလက်ခံရပါမည်။

? ၂။ မြေလက်ခံရယူပြီး ( ၃ )လအတွင်းမြေပေါ်တွင် အိမ်ဆောက်လုပ်ပြီးနေထိုင်ရမည် ?

? ၃။ ချထားသာမြေပေါ်တွင် လူနေထိုင်ရန်အတွက်သာ အိမ်ဆောက်လုပ်ရမည်။

? ၄။ အိမ်ဆောက်လုပ်ပြီးနေထိုင်သည့်အခါ အိမ်ဆောက်လုပ်ပြီးစီးကြောင်းဖော်ပြ၍ မြေပေါ်တွင်နေထိုင်ခွင့်အမိန့်ကို မြေနေရာချထားရေးရုံးတွင် သွားရောက်ထုတ်ယူရမည်။

✨ ပါမစ်မြေရရှိသူသည် စည်း ကမ်းများကို လိုက်နာရန်ပျက်ကွက်ပါက ခွင့်ပြုထားသော မြေကွက်အပြင် မြေပေါ်ရှိအဆောက်အအုံကိုပါ ပါမစ်ချထားပေးသည့်ဌာနမှ ပြန်လည်သိမ်း ယူနိုင်သည်ကိုလည်း အထူးသတိပြုရန်လိုအပ်ပါသည်။

?ပါမစ်မြေရရှိသူသည် အဆိုပါ ပါ မစ်မြေပေါ်တွင် နေထိုင်ခွင့်ရရှိသည့်အချိန်မှစ၍ အဆိုပါ ပါမစ်အား ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ လွှဲပြောင်းခြင်း လုံးဝပြုလုပ်ခွင့်မရှိပါ။

? ပါမစ်မြေရရှိသူသည် အဆိုပါမြေကွက်တွင် အိမ်ဆောက်နေထိုင်ရန် မြေနေရာချထားသူသာဖြစ်ပြီး အစိုးရမြေကို တရားဝင်သုံးစွဲခွင့်မရရှိသေးဟု ဆိုနိုင်ပါသည်။

? သတ်မှတ်ထားသော နေထိုင်ခွင့်ကာလ ကုန်ဆုံးသည့်အခါ အမြဲနေ ထိုင်ခွင့်ရလိုပါက မြေဌားစာချုပ် (Grant)မပျက်မကွက်လျှောက်ထားရယူရန် လိုအပ်ကြောင်း ဗဟုသုတအလိုဌာမျှဝေပေးလိုက်ပါသည်။

(ခြွင်းချက်- ပါမစ်များတွင် နေထိုင်ခွင့်ကာလသက်တမ်းကို မထည့်ထားပါ)

? အထက်ပါလုပ်ငန်းစဥ်များအတွက် တိုင်ပင်ဆွေးနွေးလိုပါက၄င်း

? လုပ်ငန်းများအပ်နှံလိုပါက၄င်း

ဒေါ်ခင်ယမုံဇော်

စံပယ်အိမ်ခြံမြေအကျိုးဆောင်နှင့်ဥပဒေပိုင်းဝန်ဆောင်မှုလုပ်ငန်း

?‍⚖️အထက်တန်းရှေ့နေ ?‍⚖️

⚖️ စဥ် – ၄၇၄၅၉/၂၀၁၆ ⚖️

☎️ ၀၉ – ၈၈၅၀၃၂၃၁၅.

? အမှတ်(၇၂၇)၊ ပြည်ထောင်စုလမ်းမကြီး၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

? အမှတ်(၈၄)ဓမ္မဝိဟာရလမ်း၊ ကျောက်မြောင်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ တာမွေ မြို့နယ်။

.

https://goo.gl/maps/eidzp5Btvwx3ayvT7

.

https://www.facebook.com/sabei.realestate1/

.

https://www.facebook.com/sabei.realestate2

Comments - 1

Sabei Realestate

Good Post

Add Comment