Search...

Currency: MMK

အပျောက်စနစ်ဖြင့်တိုက်ခန်းဝယ်ယူခြင်း

မြန်မာနိုင်ငံမှာ လူဦးရေ တိုးပွားလာတာနဲ့အမျှ စား၊ ဝတ်၊ နေရေး အရေး သုံးပါးထဲက အဓိကကျတဲ့ အရေးကိစ္စမှာ နေထိုင်ရေးပင် ဖြစ်ပါတယ်။ နေ့စဥ်ကြုံတွေ့ရမယ့် စိတ်ဆင်းရဲမှု၊ ခက်ခဲမှုတွေထဲမှာမှ နေစရာအ ခက်အခဲရှိတာဟာ အလွန်ကြီးမားလှတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ၁၉၆၀ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ မြို့ပြဆိုင်ရာဌားရမ်းခကြီးကြပ်ရေးအက်ဥပဒေပြဌာန်းရခြင်းရဲ့ရည်ရွယ်ချက်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် လူနေအိမ်တွေနဲ့ အဆောက်အဦးများ ရှားပါးလာသည့်အတွက် အိမ်ခြံမြေပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ချက်နဲ့ ပြဌာန်းခြင်း ဖြစ်ပါတယ်။ မူလအစမှာ နေအိမ်အပိုင်ရှိတဲ့လူတွေက နေစရာမရှိတဲ့လူတွေကို ၎င်းတို့ ရဲ့နေအိမ်မှာ အခမဲ့နေထိုင်ခွင့်ပြုခဲ့ကြတယ်။ နှစ်ကာလကြာညောင်းလာသည်နှင့်အမျှ အိမ်ပိုင်ရှင်တွေက အိမ်ငှား များထံမှ ငှားရမ်းခတောင်းခံလာကြပြီး ယခုအခါ လချုပ်၊ နှစ်ချုပ်ဖြင့် အိမ်ခြံမြေငှားရမ်းမှုများကို ပြုလုပ်လာကြပါသည်။ ထိုမှတစ်ဆင့် အိမ်ခြံမြေကို အပျောက်စနစ်ဖြင့် ဝယ်ယူခြင်းများရှိလာသည်ကို …

အရောင်းအဝယ်စာချုပ်တစ်ခုမှာ ထည့်သွင်းချုပ်ဆိုရတဲ့ တရားဝင် အဖိုးစားနားဆိုတာ ဘာလဲ?

တန်ဖိုးသတ်မှတ်ထားတဲ့အရာတစ်ခုခုကို အပြန်အလှန်အပေးအယူ(အဖိုးစားနား)ရှိမှသာ စာချုပ်တစ်ခု ဟာခိုင်မာမှုရှိပြီး တရားဝင်ပါတယ်။ အဖိုးစားနားဆိုတာ ငွေကြေးရယ်လို့မဟုတ်ပါဘူး။ အဆောက်အအုံ၊ မြေယာ၊ ပစ္စည်း၊ ဝန်ဆောင်မှုစတဲ့ တန်ဖိုးသတ်မှတ်ထားတဲ့ အရာတစ်ခုခုကိုလည်း တရားဝင်အပြန်အလှန်အပေးအယူ ပြုလုပ်လို့ရပါတယ်။ အပေးအယူပြုလုပ်တဲ့တန်ဖိုးဟာ အောက်ပါအချက်တစ်ခုခုနဲ့ငြိစွန်းနေခဲ့ရင် ချုပ်ဆိုမယ့်စာချုပ်ကလည်း တရားမဝင်ပါဘူး။ (က) တရားဥပဒေကတားမြစ်ထားတဲ့အဖိုးစားနားဖြစ်ခြင်း။(ဥပမာ-လောင်းကစားနဲ့ပတ်သက်တဲ့စာချုပ်စာတမ်း) (ခ) ဥပဒေမှာပြဌာန်းထားတဲ့အချက်တစ်ခုခုကို ဆန့်ကျင်နေခြင်း။ (ဥပမာ-အိမ်ဝယ်ယူသူကနိုင်ငံခြားသား မဖြစ်စေရပါဘူး) (ဂ) အရောင်းအဝယ်ပြုလုပ်တဲ့ပစ္စည်း (သို့) ငွေကြေးနဲ့ပတ်သက်လို့ လိမ်လည်လှည့်ဖြားခြင်း၊ မရိုးသားတဲ့ သဘောတို့ပါရှိခြင်း။ (ဃ) သူတစ်ပါးရဲ့ခန္ဓာကိုယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းစတာတွေကို ထိခိုက်နစ်နာစေခြင်း။ (င) ကိုယ်ကျင့်တရားပျက်ပြားစေခြင်း၊ အများပြည်သူဆိုင်ရာမူဝါဒနဲ့ ဆန့်ကျင်နေခြင်းတို့ပဲဖြစ်ပါတယ်။ အပေါ်ကပြောခဲ့တဲ့အချက်တွေကတော့ စာချုပ်မှာပါတဲ့ အပေးအယူတန်ဖိုးနဲ့ပတ်သက်ပြီး သတိထားရ မယ့်အချက်တွေပဲဖြစ်ပါတယ်။ အပေးအယူတန်ဖိုးမပါရှိတဲ့ သဘောတူညီချက်စာချုပ်တစ်ခုဟာ ပျက်ပြယ်တယ်ဆိုပေမယ့် ချွင်းချက် အနေနဲ့ အောက်ပါအချက်များနဲ့ ညီညွတ်ရင်မပျက်ပြယ်ပါဘူး။ (၁) ဆွေမျိုးရင်းချာတော်စပ်သူကို …

❓ပါမစ်မြေလား ဂရန်မြေလား ❓

?ဂရန်ဝယ်ရင်သတိထားဖို့ ‼️ အိမ်ခြံမြေဝယ်ကြရာမှာ ပါမစ်ထက်ဂရန်ကိုလူကြိုက်များပါတယ်။ မိမိလိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်ကြပါတယ်။ – ပြန်ရောင်းမဲ့သူများက အခွန်မဆောင်ရတဲ့ပါမစ်ကိုကြိုက်သလို – တကယ်နေမဲ့သူများကလည်းပိုခိုင်မာတဲ့ဂရန်ကိုရွေးကြပါတယ်။ ပါမစ်နှင့် ဂရန် ကို ဥပဒေအရ နှိုင်းယှဥ်ရင် ?ဂရန်က ပိုခိုင်မာတာသေချာပါတယ်။ ?အမည်ပြောင်းလို့ရတယ်၊ ?ကန်ထရိုက်တိုက်ဆောက်လို့ရတယ်၊ ?ဘဏ်ချေးငွေလျောက်လို့ရတယ်။ ?တရားဝင်လွဲပြောင်းခွင့်ရှိတယ်…..စသည့်ဖြင့် ဥပဒေနှင့်အညီလုပ်ပိုင်ခွင့်များရှိ ပါတယ်။ ?သို့သော် ဂရန် ဆိုတိုင်း မစစ်ဆေးဘဲ မဝယ်သင့်ပါဘူး⚠️ စည်ပင်ကချပေးတဲ့မြေငှါးဂရန်မှာ ? ၁။ ပါမစ်မူရင်းကိုအပ်ပြီး လျောက်လို့ရတဲ့ဂရန် [ဥပမာ- အမှုတွဲအမှတ်(ဒဂမ/ဂရသ/၂၀၁၇……….)] ? ၂။ပါမစ်ပျောက်လို့ ဂရန်လျောက်တာ [ဥပမာ- အမှုတွဲအမှတ်(ဒဂမ/ဂရပ/၂၀၁၇……….)] ဆိုပြီး ၂မျိုးရှိပါတယ်။ ? ၃။ဂရန်မူရင်း ပျောက်လို့ ပြန်လျောက်ရင် ဂရန်မိတ္တူဆိုတာရှိပါသေးတယ်။ (အဲဒီအကြောင်း နောက်အပတ်မှရေးပါ့မယ်) အမှတ်(၁)က ပါမစ်အစစ်ကိုအပ်ထားပြီး ဂရန်လျောက်လို့ရတာ ပြဿနာမရှိပါ။ မှတ်ချက်? …

စာချုပ်စာတမ်းအကြောင်း သိကောင်းစရာများ

နေ့စဉ်လူမှုဘဝမှာ အပေးအယူ၊ အရောင်းအဝယ်၊ အငှားအရမ်း စတဲ့ကိစ္စတွေ ပြုမူဆောင်ရွက်ကြတဲ့အခါ နှစ်ဦးသဘောတူ စာချုပ်စာတမ်းကိစ္စများနဲ့ ဆောင်ရွက်လေ့ရှိကြပါတယ်။ ဒါကြောင့် စာချုပ်စာတမ်းတစ်စောင် မှာဘယ်အချက်တွေပါဝင်ရမယ်၊ ဘယ်လိုအချက်နဲ့ပြည့်စုံရမယ်၊ ဘယ်လိုအကြောင်းအရာတွေ ထည့်သွင်းချုပ်ဆိုရမယ်ဆိုတာ ယေဘူယျအားဖြင့် သိရှိထားသင့်ပါတယ်။ စာချုပ်စာတမ်းဆိုတာ လူတစ်ဦးနဲ့ တစ်ဦးဖြစ်စေ၊ အများနဲ့ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ ဖြစ်စေ ငွေကြေး(သို့) အရာဝတ္ထုပစ္စည်းနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်ကြားက သဘောတူညီမှုတွေ ခိုင်မာစေဖို့ စာနဲ့ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။ စာချုပ်စာတမ်းတွေမှာ နှစ်ဦးသဘောတူမြေနှင့်အိမ် အရောင်းအဝယ်သဘောတူစာချုပ်ကစလို့ တိုက်ခန်း အရောင်းအဝယ်စာချုပ်၊ မော်တော်ကားအရောင်းအဝယ်စာချုပ်၊ ငွေယုံကြည်အပ်နှံစာချုပ်၊ ကိတ္တိမမွေးစားစာချုပ် ပိုင်ဆိုင်ကြောင်း မြွတ်ဟစာချုပ်၊ စွန့်လွှတ်စာချုပ် အစရှိတဲ့ စာချုပ်အမျိုးမျိုးရှိပါတယ်။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံမတင်ထားတဲ့စာချုပ်တွေဟာ အရပ်ကတိစာချုပ်တွေသာဖြစ်ပြီး မိမိလက်ဝယ်ရှိတဲ့ပစ္စည်းဟာ မှတ်ပုံတင်စာချုပ်ချုပ်ထားမှသာ အခိုင်အမာဖြစ်ပြီး မိမိအမည်နဲ့တရားဝင်ပိုင်ဆိုင်ခွင့်ရမှာဖြစ်တယ်။ ယေဘူယျအားဖြင့် သက်ဆိုင်ရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ သတ်မှတ်တံဆိပ်ခေါင်းနဲ့ မှတ်ပုံတင်ခငွေပေးသွင်းပြီး …

ဂရန်ဝယ်ရင်သတိထားဖို့

အိမ်ခြံမြေဝယ်ကြရာမှာ ပါမစ်ထက်ဂရန်ကိုလူကြိုက်များပါတယ်။ မိမိလိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်ကြပါတယ်။ – ပြန်ရောင်းမဲ့သူများက အခွန်မဆောင်ရတဲ့ပါမစ်ကိုကြိုက်သလို – တကယ်နေမဲ့သူများကလည်းပိုခိုင်မာတဲ့ဂရန်ကိုရွေးကြပါတယ်။ ပါမစ်နှင့် ဂရန် ကို ဥပဒေအရ နှိုင်းယှဥ်ရင် ဂရန်က ပိုခိုင်မာတာသေချာပါတယ်။ အမည်ပြောင်းလို့ရတယ်၊ ကန်ထရိုက်တိုက်ဆောက်လို့ရတယ်၊ ဘဏ်ချေးငွေလျောက်လို့ရတယ်။ တရားဝင်လွဲပြောင်းခွင့်ရှိတယ်…..စသည့်ဖြင့် ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်များရှိ ပါတယ်။ သို့သော် ဂရန် ဆိုတိုင်း မစစ်ဆေးဘဲ မဝယ်သင့်ပါဘူး စည်ပင်ကချပေးတဲ့မြေငှါးဂရန်မှာ ၁။ ပါမစ်မူရင်းကိုအပ်ပြီး လျောက်လို့ရတဲ့ဂရန် [ဥပမာ- အမှုတွဲအမှတ်(ဒဂမ/ဂရသ/၂၀၁၇……….)] ၂။ပါမစ်ပျောက်လို့ ဂရန်လျောက်တာ [ဥပမာ- အမှုတွဲအမှတ်(ဒဂမ/ဂရပ/၂၀၁၇……….)] ဆိုပြီး ၂မျိုးရှိပါတယ်။ ၃။ဂရန်မူရင်း ပျောက်လို့ ပြန်လျောက်ရင် ဂရန်မိတ္တူဆိုတာရှိပါသေးတယ်။ (အဲဒီအကြောင်း နောက်အပတ်မှရေးပါ့မယ်)အမှတ်(၁)က ပါမစ်အစစ်ကိုအပ်ထားပြီး ဂရန်လျောက်လို့ရတာ ပြဿနာမရှိပါ။ မှတ်ချက် ပါမစ်အတုကိုအပ်ပြီး ဂရန်လျောက်ထားရင် ခက်သွားပြီ။ ဂရန်မှာ အမှုတွဲအမှတ်က(ဂရသ/…)ဆိုတော့ …

အိမ်ခြံမြေအရောင်းအဝယ်စာချုပ် ချုပ်ဆိုရာမှာ သိသင့်တဲ့ အချက်များ

စာချုပ်ဆိုတာ “အကြောင်းအရာတခုအပေါ်မှာ နှစ်ဦးနှစ်ဖက်သဘောတူညီချက်” ကို ခိုင်မာအောင် စာနှင့် ရေးသားဖော်ပြခြင်းပဲဖြစ်ပါတယ်။ တစ်ယောက်ရဲ့ကမ်းလှမ်းချက်ကို တစ်ယောက်က လက်ခံပြီး ကတိကဝတ်ပြုပြီးနောက်မှာ “နှစ်ဦးသဘောတူ စာချုပ်” ကိုချုပ်ဆိုကြပါတယ်။ စာချုပ်တစ်ရပ်ကို ဘယ်လိုပဲ ခိုင်မာအောင်ချုပ်ချုပ် တရားဥပဒေက ပျက်ပြယ်တယ်လို့ ပြဌာန်းထားတဲ့ အချက်ကို ချုပ်ဆိုထားမိရင် စာချုပ်က တရားဝင်မဖြစ်ပါဘူး။ ဒါကြောင့် စာချုပ်ချုပ်ဆိုသူများ အနေနဲ့ ပြဌာန်းချက်တွေနဲ့ မငြိစွန်းအောင် ချုပ်ဆိုတတ်ဖို့ အရေးကြီးပါတယ်။ အိမ် ခြံ‌ မြေနဲ့ပတ်သက်ပြီး ချုပ်ဆိုတဲ့စာချုပ်မျိုးတွေမှာ အောက်ပါအချက်များကို ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုပေးဖို့ လိုပါတယ်။ – စာချုပ်ချုပ်ဆိုသူများရဲ့ အမည်၊ အဖအမည်၊ မှတ်ပုံတင်နံပါတ်။ – ပစ္စည်းအမျိုးအစား၊ တည်နေရာ၊ အကျယ်အဝန်း။ (ပစ္စည်းရဲ့အချက်အလက်အပြည့်အစုံကိုဖော်ပြဖို့လိုပါတယ်။) – ကမ်းလှမ်းချက်နဲ့ သဘောတူညီချက် ပါရပါမယ်။ – အရောင်းအဝယ်လုပ်တဲ့ …

အိမ်ခြံမြေ အရောင်းအဝယ် (စရံပေး-ငွေချေ) စာချုပ်များအကြောင်း

စာချုပ်ချုပ်ဆိုလို့သာ ချုပ်လိုက်ကြပါတယ်၊ စာချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့ သဘောပြုလုပ်ကြတာများပါတယ်။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး၊ သို့သော် ဖြစ်ခဲ.ရင် ဘယ်လိုရှင်းကြမလဲ ? စာချုပ်ကို သေချာမချုပ်ဆိုခဲ့ရင် စိတ်ညစ်စရာ အများကြီးနဲ့ ဖြေရှင်းရ တာတွေ နောက်ပိုင်းကြုံတွေ့ကြရပါတယ်။ ဒါဟာ စာချုပ်မှာ ပါဝင်သင့်တဲ့အချက်တွေ မပါဝင်ကြလို့ပါပဲ။ ဒါကြောင့် စာချုပ်ချုပ်တော့မယ်ဆိုရင် ပါဝင်သင့်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတင်ပြလိုက်ပါတယ်ရှင်။ အိမ်ခြံမြေ ပတ်သက်ပြီး ချုပ်ဆိုတဲ့ စာချုပ်မျိုးဆိုရင် အောက်ပါအချက်တွေ ကို သတိပြုပြီး ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုဖို့လိုပါတယ်။ အိမ်ခြံမြေ အရောင်းအဝယ်အတွက် စရံပေးမှနောက်ဆုံးငွေချေစာချုပ် အောက်ပါအချက်အလက်တွေကို အရေးတကြီးထည့်သွင်းရမှာဖြစ်ပါတယ်။ စာချုပ်ကို ချုပ်တဲ့နေရာ၊ နေ့ရက်၊ ခုနှစ်သက္ကရာဇ် စာချုပ်ချုပ်ဆိုသူတွေ – ရောင်းသူ၊ ဝယ်ယူသူနဲ့ သက်သေ(၂)ယောက် (အားလုံးသည် ၁၈နှစ်ပြည့်ပြီးသူများ၊ရူးသွပ်ခြင်းမရှိသူများ ဖြစ်ရန်လို) ရောင်းချမည့်ပစ္စည်း (ပစ္စည်း၏ အမျိုးအစား၊တည်နေရာ၊အကျယ်အဝန်း …

ဘိုးဘပိုင်မြေနှင့်ပတ်သက်၍ အမည်ပြောင်းခြင်း၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များနှင့် သတိပြုစရာများအကြောင်

အထက်မြန်မာနိုင်ငံနှင့် အောက်မြန်မာနိုင်ငံတွင် သဘောအားဖြင့်တူညီသောမြေနှစ်မျိုးနှစ်စားရှိလာသည်။ အထက်မြန်မာနိုင်ငံ အောက်မြန်မာနိုင်ငံ (က) ဘိုးဘပိုင်မြေ – လက်ဝယ်ထားရှိပိုင်ဆိုင်သောမြေ (ခ) အရာတော်မြေ – အစိုးရကချထားပေးပိုင်ခွင့်ရှိသောမြေ ——————————-——————————— မြန်မာရှင်ဘုရင်များလက်ထက် —————-——— မြန်မာနိုင်ငံတွင် ဟိုးအရင်ရှင်ဘုရင်များလက်ထက်ကနေ ယခုအချိန်အထိ မြေမှန်သမျှ၏မူလပိုင်ရှင်သည် မင်း၊ အစိုးရဖြစ်သည်။ ထို့ကြောင့်လည်း ‌”ရေမြေသနင်းပြည့်ရှင်မင်း”ဟုခေါ် ကြသည်။ (က) ဘိုးဘပိုင်မြေ ဘိုးဘပိုင်မြေ(၃)မျိုးရှိသည်။ (၁) ဓားမဦးချမြေ ။ ။ ဘိုးဘပိုင်မြေကို ဓားမဦးချမြေဟုခေါ်တွင်သည်မှာ ရှေးတုန်းက တောကိုထွင်၍ လယ်တည်ခဲ့ကြသည်။ ဓါးမနှင့်တောကိုရှင်း၍ စိုက် ပျိုးရန် မြေထွင်ရာမှာ ဓါးမ၏ဦးချွန်သည် မြေကြီးထဲကျသည်အထိ ခုတ်ထွင်ရှင်း လင်းထားသည်ကို တင်စားပြီး ဓားမဦးချမြေဟုခေါ်ခြင်းဖြစ်သည်။ ဘိုးဘပိုင်မြေသည် ကိုယ်တိုင်ခုတ်ထွင်သည့်မြေ (သို့) ခုတ်ထွင်သည့် ဘိုးဘေးတို့ထံမှ အမွေဆက်ခံလာသည့်မြေမျိုးဖြစ်သည်။ (၂) မင်းပေးမြေ …

မြေပုံမြေရာဇဝင်အကြောင်းသိကောင်းစရာ

မြို့ကြီးပြကြီးများတွင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လိုအပ်ချက်အရ တိုက်ခန်းနေလူတန်းစားနှင့် လုံးချင်းအိမ်နေလူတန်းစား ဟူ၍ လူတန်းစား(၂)ရပ်ပေါ်ပေါက်လာပါသည်။ တိုက်ခန်းဝယ်ယူရန် လွယ်ကူသော် လည်း လုံးချင်းအိမ်ဝယ်ယူသူများ အတွက်မူ လက်ရောက်ရရုံသာမက ဥပဒေအရ ပိုင်ဆိုင်မှုရရန် အရေးကြီးပါသည်။ အရပ်ကတိစာချုပ်များမှတစ်ဆင့် မှတ်ပုံတင်စာချုပ်ကြီးချုပ်ဆိုပြီးမှသာ ဥပဒေအရ ပိုင်ဆိုင်နိုင်ရန် လုပ်ဆောင်မှုအဆင့်ဆင့်ကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါသည်။ အိမ်ခြံမြေအရောင်းအဝယ် မှတ်ပုံတင်စာချူပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင်ကို ဦးစွာ မဖြစ်မနေထုတ်ယူရန်လိုအပ်ပါသည်။ မြေကွက်တစ်ကွက်ဝယ်ယူမည်ဆိုလျှင် မြေပုံမြေရာဇဝင် ကိုအရင်စစ်ဆေးရမည်ဟုလည်း ဥပဒေတွင် ပြဌာန်းထားပါသည်။မြေပုံစာရွက်နှင့် မြေရာဇဝင်စာရွက် (၂)ရွက်ပေါင်းပြီး မြေပုံမြေရာဇဝင် ဟုခေါ်သည်။ စာချူပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ(၂၁)အရ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရောင်းဝယ်ခြင်း၊ ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်းစသည့်စာချုပ်များ မှတ်ပုံတင်ချုပ်ဆိုပါကမြေပုံရာဇဝင်မပါခဲ့လျှင် လက်ခံချူပ်ဆိုခြင်းမပြုရ လို့ပါရှိပါသည်။ မြေပုံမြေရာဇဝင်သည် နှစ်စဉ် အမြဲပြောင်းလဲအတည်ပြုရေးဆွဲနေရပါသော မြို့ပြမြေစာရင်းမှ ကောက်နှုတ်ချက်မိတ္တူသာဖြစ်၍ မှန်ကန်မှုရှိမရှိကို အိုးအိမ်ဦးစီးဌာန (သို့) မြို့တော်စည်ပင်တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။ …

GP,SP အကြောင်းသိကောင်းစရာများ

GPဆိုတာဘာလဲ??????? GP(General Power)ဆိုသည်မှာ အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှတစ်ခြားလူတစ်ဦးသို့ မိမိ၏ပိုင်ရေးဆိုင်ခွင့်အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ GP‌ (အထွေထွေကိုယ်စားလှယ်လွှဲစာ)ကို ပေးအပ်ခြင်းဖြစ်ပါသည်။ အိမ်ခြံမြေအရောင်းအဝယ်ကိစ္စရပ်များ၌ အလျင်စလိုမှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်၍ အခွန်ဆောင်ရန်ကိစ္စရပ်များ မဆောင်ရွက်နိုင်သေးသည့်အခြေအနေတွင် အဆင်ပြေသည့်အချိန်၌ဆောင်ရွက်နိုင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (GP) လွှဲအပ်ရယူကြပါသည်။ တရားစွဲဆိုခြင်းကိစ္စရပ်များအတွက်လည်း အခြားသူတို့နှင့်အမှုကိစ္စဆောင်ရွက်ရာ၌ ကိုယ်စားဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (GP) လွှဲအပ်ယူကြပါသည်။ SPဆိုတာဘာလဲ??????? SP(Special Power)ဆိုသည်မှာ အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပာယ်ရပြီး လူတစ်ဦးမှမိမိပိုင်ရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ (SP)ခေ် အထူးကိုယ်စားလှယ်လွှဲစာကိုပေးအပ်ခြင်းဖြစ်ပါသည်။ SP(Special Power)သည် လွှဲအပ်သူနှင့်သက်ဆိုင်သည့်အကြောင်းအရာ အမျိုးမျိုးပေါ်တွင်မဟုတ်ဘဲ လွှဲအပ်သူ၏လွှဲအပ်သည့် အထူးပြုအကြောင်းအ ရာအပေါ်သာလျှင် ကိုယ်စားဆောင်ရွက်စေလိုသည့်အခါ အထူးကိုယ်စားလှယ်လွှဲစာ(SP)ကို လွှဲအပ်ရယူကြသည်။ SP(Special Power)ပေးသည်ဆိုရာ၌ မြေအမည်ပေါက်သူကိုယ်တိုင်ပေးရမည်။ မြေကွက်တစ်ခု၏ SPရထားသူမှ အခြားလူတစ်ဦးသို့ ယင်းမြေကွက်နှင့်ပတ်သက်၍ …