Search...

Currency: MMK

❓ပါမစ်မြေလား ဂရန်မြေလား ❓

Scroll Down To Discover

?ဂရန်ဝယ်ရင်သတိထားဖို့ ‼️

အိမ်ခြံမြေဝယ်ကြရာမှာ ပါမစ်ထက်ဂရန်ကိုလူကြိုက်များပါတယ်။

မိမိလိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်ကြပါတယ်။

– ပြန်ရောင်းမဲ့သူများက အခွန်မဆောင်ရတဲ့ပါမစ်ကိုကြိုက်သလို – တကယ်နေမဲ့သူများကလည်းပိုခိုင်မာတဲ့ဂရန်ကိုရွေးကြပါတယ်။

ပါမစ်နှင့် ဂရန် ကို ဥပဒေအရ နှိုင်းယှဥ်ရင် ?ဂရန်က ပိုခိုင်မာတာသေချာပါတယ်။

?အမည်ပြောင်းလို့ရတယ်၊

?ကန်ထရိုက်တိုက်ဆောက်လို့ရတယ်၊

?ဘဏ်ချေးငွေလျောက်လို့ရတယ်။

?တရားဝင်လွဲပြောင်းခွင့်ရှိတယ်…..စသည့်ဖြင့် ဥပဒေနှင့်အညီလုပ်ပိုင်ခွင့်များရှိ ပါတယ်။

?သို့သော် ဂရန် ဆိုတိုင်း မစစ်ဆေးဘဲ မဝယ်သင့်ပါဘူး⚠️

စည်ပင်ကချပေးတဲ့မြေငှါးဂရန်မှာ

? ၁။ ပါမစ်မူရင်းကိုအပ်ပြီး လျောက်လို့ရတဲ့ဂရန် [ဥပမာ- အမှုတွဲအမှတ်(ဒဂမ/ဂရသ/၂၀၁၇……….)]

? ၂။ပါမစ်ပျောက်လို့ ဂရန်လျောက်တာ [ဥပမာ- အမှုတွဲအမှတ်(ဒဂမ/ဂရပ/၂၀၁၇……….)] ဆိုပြီး ၂မျိုးရှိပါတယ်။

? ၃။ဂရန်မူရင်း ပျောက်လို့ ပြန်လျောက်ရင် ဂရန်မိတ္တူဆိုတာရှိပါသေးတယ်။

(အဲဒီအကြောင်း နောက်အပတ်မှရေးပါ့မယ်)

အမှတ်(၁)က ပါမစ်အစစ်ကိုအပ်ထားပြီး ဂရန်လျောက်လို့ရတာ ပြဿနာမရှိပါ။

မှတ်ချက်? ပါမစ်အတုကိုအပ်ပြီး ဂရန်လျောက်ထားရင် ခက်သွားပြီ။

ဂရန်မှာ အမှုတွဲအမှတ်က(ဂရသ/…)ဆိုတော့ စစ်ဖို့ခက်ပြီ။ ပါမစ်မူရင်းမပေါ်လာသရွေ့ သိကြမှာမဟုတ်ပါဘူး။

(အဲဒီအကြောင်း နောက်အပတ်မှရေးပါ့မယ်)

?ပြဿနာက အမှတ်စဥ်(၂)ပါ။

(တကယ်ပါမစ်ပျောက်ဆုံးသွားလို့ ဂရန်လျောက်တာမျိုးမဟုတ်ဘဲ) ပါမစ်ပိုင်ရှင်က လူတဦး (A ) ကိုပါမစ်မူရင်းနဲ့ရောင်းထားတယ်။ Aက မြေကွက်ကိုလက်ရောက်ရထားပေမဲ့ ခြံခတ်ထားတာ၊နေထိုင်တာမရှိဘူး။ ခုနကရောင်းသူက ဒါကိုအခွင့်အရေးယူပြီး ပါမစ်ပျောက်ဆုံးကြောင်းကို ရပ်ကွက်၊ ရဲစခန်းမှာထောက်ံစာယူပြီး စည်ပင်မှာဂရန်လျောက်တယ်။ ဂရန်မကျခင်မှာ စည်ပင်က မြေတိုင်းဆင်းတဲ့အခါမှာ မြေကွက်မှာ ဘယ်သူပိုင်ဆိုင်ပါတယ်ဆိုပြီး အထောက်အထားမရှိဘူး။ ဒီတော့စည်ပင်က(ဂရပ/ …) ဆိုပြီးဂရန်အသစ်ထုပ်ပေးလိုက်တယ်။

အဲဒီဂရန်ကို ခုနက ရောင်းသူကနောက်တဦး (B)ကိုရောင်းတယ်။ ဆိုတော့ကာ မြေကွက်တကွက်တည်းကို ပါမစ်မူရင်းနဲ့ A ကပိုင်ထားတယ်။ ဂရန်မူရင်း ကို Bကပိုင်တော့ ၂မျိုးဖြစ်နေပြီ။ မြေကွက်အတ်ုင်းရှိနေရင်တော့အဲဒီပြသာနာကိုမသိကြသေးဘူး။ တဦးက ရောင်းတဲ့အခါဖြစ်ဖြစ်၊ နေတဲ့အခါဖြစ်ဖြစ် ကျန်တဦးကသိသွားမှ ပြသာနာစပါပြီ။ ပါမစ်ပျောက်အပ်ပြီး ဂရန်ရထားသူက B ကိုရောင်းတဲ့အခါ Bက စစ်ဆေးတယ်။ စည်ပင်မှာလည်း ဂရန်အမည်ပေါက် မှန်တယ်။ မြေကလည်းအလွတ်ဆိုတော့ Bက ဝယ်မိပြီ။ အမှုတွဲအမှတ်က (ဒဂမ/ဂရပ/၂၀၁၇……….) ကိုနားမလည်ဘူးလေ။ တချိန်မှာ A က သူ့မြေကွက်ကိုလာကြည့်တော့မှ B က ခြံခတ်ထားတာကို တွေ့ရပြီ။ပိုင်ရှင်၂ဦးဆုံကြပြီး စာရွက်စာတမ်းစစ်ရာမှာ တဖက်က ပါမစ်မူရင်းကိုရောင်းပြီး ပါမစ်ပျောက်နဲ့ဂရန်လျောက်တာသိရပြီ။

ဆက်ပြီး ရှင်းလင်းတဲ့အပိုင်းကတော့ လက်ရောက်ရတာ၊ မရတာပေါ်မူတည်ပါပြီ။ ကိုယ်က ပါမစ်အစစ်ဝယ်ထားမိသော်လည်း လက်ရောက်ယူထားဖို့ ၊ ဂရန်လျောက်ထားဖို့ စသည်ဖြင့် လုပ်သင့်တာကိုမလုပ်မိလို့ ပြဿနာဖြစ်ပြီး ‌ဖြေရှင်းရပြီ။ တဖက်နဲ့တစ်ဖက်ညှိလို့မရရင် တရားဥပဒေအတိုင်းဖြေရှင်းကြရမယ်။

ဒါကြောင့် မည်သည့်မြေအမျိုးအစားဖြစ်ပါစေ

?စာရွက်စာတမ်းစစ်မှန်ဖို့

? လက်ရောက်ရဖို့ အရေးကြီးပါတယ်၊

?ဥပဒေအရ ခိုင်မာပြီး ပြီးပြည့်စုံတဲ့ အရောင်းအဝယ်ဖြစ်မြောက်အောင် နားလည်တတ်ကျွမ်းတဲ့ သူများကို သင့်တင့်သော ဝန်ဆောင်ခများနဲ့ တိုင်ပင်ဆွေးနွေး၊ အပ်နှံကြပါလို့ အကြံကောင်းပေးပါရစေ။

? အိမ်ခြံမြေနဲ့ပတ်သက်ရင် ?

?‍⚖️ဒေါ်ခင်ယမုံဇော်?‍⚖️

09885032315

(စဥျ-၄၇၄၅၉) LL.B,(Q)(HGP)

?စံပယ်အိမ်ခြံမြေ?

မြေကွက်ရောင်းဝယ်ရေးနှင့် ဥပဒေပိုင်းဝန်ဆောင်မှု အကျိူးဆောင်လုပ်ငန်း

အမှတ်(၇၂၇)ပြည်ထောင်စုလမ်းမကြီး၊ (၃၇)ရပ်ကွက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြိ့နယ်။

Add Comment