Search...

Currency: MMK

စာချုပ်စာတမ်းအကြောင်း သိကောင်းစရာများ

Scroll Down To Discover

နေ့စဉ်လူမှုဘဝမှာ အပေးအယူ၊ အရောင်းအဝယ်၊ အငှားအရမ်း စတဲ့ကိစ္စတွေ ပြုမူဆောင်ရွက်ကြတဲ့အခါ နှစ်ဦးသဘောတူ စာချုပ်စာတမ်းကိစ္စများနဲ့ ဆောင်ရွက်လေ့ရှိကြပါတယ်။ ဒါကြောင့် စာချုပ်စာတမ်းတစ်စောင် မှာဘယ်အချက်တွေပါဝင်ရမယ်၊ ဘယ်လိုအချက်နဲ့ပြည့်စုံရမယ်၊ ဘယ်လိုအကြောင်းအရာတွေ ထည့်သွင်းချုပ်ဆိုရမယ်ဆိုတာ ယေဘူယျအားဖြင့် သိရှိထားသင့်ပါတယ်။

စာချုပ်စာတမ်းဆိုတာ လူတစ်ဦးနဲ့ တစ်ဦးဖြစ်စေ၊ အများနဲ့ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ ဖြစ်စေ ငွေကြေး(သို့) အရာဝတ္ထုပစ္စည်းနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်ကြားက သဘောတူညီမှုတွေ ခိုင်မာစေဖို့ စာနဲ့ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။ စာချုပ်စာတမ်းတွေမှာ နှစ်ဦးသဘောတူမြေနှင့်အိမ် အရောင်းအဝယ်သဘောတူစာချုပ်ကစလို့ တိုက်ခန်း အရောင်းအဝယ်စာချုပ်၊ မော်တော်ကားအရောင်းအဝယ်စာချုပ်၊ ငွေယုံကြည်အပ်နှံစာချုပ်၊ ကိတ္တိမမွေးစားစာချုပ် ပိုင်ဆိုင်ကြောင်း မြွတ်ဟစာချုပ်၊ စွန့်လွှတ်စာချုပ် အစရှိတဲ့ စာချုပ်အမျိုးမျိုးရှိပါတယ်။

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံမတင်ထားတဲ့စာချုပ်တွေဟာ အရပ်ကတိစာချုပ်တွေသာဖြစ်ပြီး မိမိလက်ဝယ်ရှိတဲ့ပစ္စည်းဟာ မှတ်ပုံတင်စာချုပ်ချုပ်ထားမှသာ အခိုင်အမာဖြစ်ပြီး မိမိအမည်နဲ့တရားဝင်ပိုင်ဆိုင်ခွင့်ရမှာဖြစ်တယ်။ ယေဘူယျအားဖြင့် သက်ဆိုင်ရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ သတ်မှတ်တံဆိပ်ခေါင်းနဲ့ မှတ်ပုံတင်ခငွေပေးသွင်းပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမှာဖြစ်တယ်။

စာချုပ်ချုပ်ဆိုတဲ့အခါမှာ သတ်မှတ်ထားတဲ့ ပြဌာန်းဥပဒေတွေနဲ့အညီ လိုက်နာဆောင်ရွက်ပြီးချုပ်ဆိုတတ်ဖို့လိုအပ်ပါတယ်။ စာချုပ်တစ်စောင်မှာ အဓိကပါဝင်ရမဲ့အချက်တွေကတော့ (၁) ကမ်းလှမ်းချက်(Proposal) လူတစ်ဦးကတစ်ခြားတစ်ဦးကို ပြုလုပ်လိုကြောင်း(သို့) မပြုလုပ်လိုကြောင်း အဆိုပြုကမ်းလှမ်းတာကို ပြောတာဖြစ်တယ်။ ကမ်းလှမ်းချက်ထဲမှာ ကိုယ့်ဘက်ကဆန္ဒကိုပြောကြားရုံနဲ့ မပြီးပဲ အခြားတစ်ဖက်က ဒါကို လက်ခံဖို့ တောင်းဆိုချက်ပါရှိရပါမယ်။ (၂) လက်ခံချက်(Acceptance) တစ်ဖက်ရဲ့အဆိုပြုကမ်းလှမ်းချက်ကို ကျန်တစ်ဖက်က သိရှိပြီး သဘောတူလက်ခံကြောင်း အသိပေးအကြောင်းကြားတာဟာ ကမ်းလှမ်းမှုကိုလက်ခံရာရောက်ပါတယ်။ (၃) အဖိုးစားနား (Consideration) နှစ်ဦးနှစ်ဖက်ကတိပြုသဘောတူထားတဲ့ “အဖိုးစားနား”ပါရှိရပါမယ်။ (၄) သဘောတူညီချက် အပြန်အလှန်ကတိပြုချက်တို့ဟာ သဘောတူညီချက်ဖြစ်ပါတယ်။

စာချုပ်အတွင်း ဥပဒေနဲ့အညီပါရှိတဲ့သူများနဲ့ ပတ်သက်အကြုံးဝင်တဲ့ သဘောတူညီချက်များပါရှိရပါမယ်။ အဲ့ဒီလိုပါရှိတဲ့ သဘောတူညီချက်တွေဟာ လွတ်လပ်တဲ့ သဘောတူညီချက်တွေ ဖြစ်ရပါမယ်။ လွတ်လပ်တဲ့သဘောဆိုတာ (က) အတင်းအကြပ်အနိုင်အထက်ပြုခြင်း။ (ခ) မတရားဩဇာသုံးခြင်း (ဂ) လိမ်လည်လှည့်ဖြားခြင်း (ဃ) အလွဲပြောခြင်း မရှိရပါဘူး အခုပြောခဲ့တဲ့အချက်တွေဟာ စာချုပ်ချုပ်တဲ့အခါ ထည့်သွင်းရေးသားဖို့လိုအပ်တဲ့အချက်တွေဖြစ်တယ်။ ထို့အပြင် စာချုပ်ချုပ်ဆိုသူတွေဟာ အောက်ပါအချက်တွေနဲ့ပြည့်စုံဖို့လိုအပ်ပါသေးတယ်

(၁) စာချုပ်ချုပ်ဆိုနိုင်တဲ့ အရည်အချင်းရှိသူဖြစ်ရပါမယ်။ {၁၈နှစ်မပြည့်သူ၊ ရူးသွပ်သူ၊ ပိတ်ပင်ခံထားရသူ မဖြစ်ရပါဘူး}

(၂) လွတ်လွပ်တဲ့သဘောတူညီချက်ရှိရပါမယ်။

(၃) ဥပဒေနဲ့မဆန့်ကျင်တဲ့ အဖိုးစားနားအပေးအယူရှိရပါမယ်။

(၄) ဥပဒေမှာပျက်ပြယ်ကြောင်း ပြဌာန်းထားတဲ့ သဘောတူညီချက်မပါရှိရပါဘူး။

ပဋိညာဉ်အက်ဥပဒေအရ တရားဝင် ပဋိညာဉ်ဖြစ်မြောက်ရန် အဓိကလိုအပ်ချက်မှာ တစ်ဖက်ကကမ်းလှမ်းချက်ကို အခြားတစ်ဖက်က လက်ခံတာနဲ့ သဘောတူညီချက်တစ်ရပ် ဖြစ်ပေါ်စေခြင်း၊ ထိုသဘောတူညီချက် မှာ ဥပဒေတစ်ရပ်ရပ်နှင့် ဆန့်ကျင်မှုမရှိခြင်း၊ ကမ်းလှမ်းသူနှင့် လက်ခံသူတို့မှာ ပဋိညာဉ်ပြုလုပ်နိုင်တဲ့ အရည်အချင်းချို့ငဲ့သူမဟုတ်ခြင်း၊ ကမ်းလှမ်းချက်နှင့် လက်ခံခြင်းတို့ကို သဘောတူပြုလုပ်ခဲ့ရာတွင် အဖိုးစားနားထားရှိခြင်း တို့ပင်ဖြစ်သည်။ (ဦးရွှေတင်နှင့်ဦးအောင်တင့်၁၉၉၅ မတစ၊ ၁၄၄)

ယခုဖော်ပြခဲ့သောအချက်အလက်များသည် စာချုပ်တစ်စောင်မှာပါရှိရမည့်အချက်အလက် ဥပဒေပြဌာန်းချက်တွေ ဖြစ်လို့ လူတိုင်းသိထား၊ နားလည်ထားစေရန်အလို့ငှာ ရေးသားဖော်ပြရခြင်းဖြစ်ပါသည်။ နောက်အပတ်တွေမှာလည်း အိမ်ခြံမြေနဲ့ ပတ်သက်ပြီး ဗဟုသုတများကို ဆက်လက်မျှဝေပေး သွားပါဦးမည်??

ဒေါ်ခင်ယမုံဇော် LL.B(Q) (HGP) ⚖အထက်တန်းရှေ့နေ⚖

?စံပယ်အိမ်ခြံမြေ ?

?????? ???? ?????? ? ?မြေကွက်ရောင်းဝယ်‌ရေးနှင့် အကျိုးဆောင်လုပ်ငန်း?

☎ ??-???????

☎ ??-?? ???????

☎ ??-?? ???????

☎ ??-?? ???????

☎ ??-??? ??????

? 【၁】အမှတ်(၇၂၇) ပြည်ထောင်စုလမ်းမကြီး၊ (၃၇)ရပ်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်။

? 【၂】အမှတ်(၈၄)ဓမ္မဝိဟာရလမ်း၊ ကျောက်မြောင်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Add Comment