အိမ်ခြံမြေ အရောင်းအဝယ် (စရံပေး-ငွေချေ) စာချုပ်များအကြောင်း
စာချုပ်ချုပ်ဆိုလို့သာ ချုပ်လိုက်ကြပါတယ်၊ စာချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့ သဘောပြုလုပ်ကြတာများပါတယ်။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး၊ သို့သော် ဖြစ်ခဲ.ရင် ဘယ်လိုရှင်းကြမလဲ ? စာချုပ်ကို သေချာမချုပ်ဆိုခဲ့ရင် စိတ်ညစ်စရာ အများကြီးနဲ့ ဖြေရှင်းရ တာတွေ နောက်ပိုင်းကြုံတွေ့ကြရပါတယ်။ ဒါဟာ စာချုပ်မှာ ပါဝင်သင့်တဲ့အချက်တွေ မပါဝင်ကြလို့ပါပဲ။ ဒါကြောင့် စာချုပ်ချုပ်တော့မယ်ဆိုရင် ပါဝင်သင့်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတင်ပြလိုက်ပါတယ်ရှင်။ အိမ်ခြံမြေ ပတ်သက်ပြီး ချုပ်ဆိုတဲ့ စာချုပ်မျိုးဆိုရင် အောက်ပါအချက်တွေ ကို သတိပြုပြီး ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုဖို့လိုပါတယ်။ အိမ်ခြံမြေ အရောင်းအဝယ်အတွက် စရံပေးမှနောက်ဆုံးငွေချေစာချုပ် အောက်ပါအချက်အလက်တွေကို အရေးတကြီးထည့်သွင်းရမှာဖြစ်ပါတယ်။ စာချုပ်ကို ချုပ်တဲ့နေရာ၊ နေ့ရက်၊ ခုနှစ်သက္ကရာဇ် စာချုပ်ချုပ်ဆိုသူတွေ – ရောင်းသူ၊ ဝယ်ယူသူနဲ့ သက်သေ(၂)ယောက် (အားလုံးသည် ၁၈နှစ်ပြည့်ပြီးသူများ၊ရူးသွပ်ခြင်းမရှိသူများ ဖြစ်ရန်လို) ရောင်းချမည့်ပစ္စည်း (ပစ္စည်း၏ အမျိုးအစား၊တည်နေရာ၊အကျယ်အဝန်း …