Search...

Currency: MMK

လယ်ယာမြေအကြောင်းတစ်စေ့တစ်စောင်း အပိုင်း (၁)

Scroll Down To Discover

စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင်

ယခင်က လယ်ယာမြေများကို စိုက်ပျိုးရန်အတွက်သာ အသုံးပြုကြပါသည်။

ယနေ့ခေတ်တွင်မူ လယ်ယာ‌မြေကို အခြားနည်းဖြင့်ပါ သုံးစွဲလာကြသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လယ်သမား/လယ်ယာမြေနှင့် ပတ်သက်

သည့် ဥပဒေ၊ ဥပဒေသစ်များကို နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

ဤဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ်-(၁၁/၂၀၁၂) အဖြစ် (၃၀.၃.၂၀၁၂) ရက်နေ့တွင် ပြဌာန်းလိုက်သည်။ အရင်က အသုံးပြုခဲ့သည့်

(၁)၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်အက်ဥပဒေ၊ (၂) ၁၉၆၃ခုနှစ် သီးစားချထား ဥပဒေ၊ ၁၉၆၃ခုနှစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေများကို ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

ဤဥပဒေအရ တောင်သူလယ်သမားများသည် မိမိတို့လက်ရှိလုပ်ကိုင်အသုံးပြုနေသော လယ်ယာမြေကို မှတ်ပုံတင်ကာ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိတော့မည်ဖြစ်သလို မိမိပိုင်ဆိုင်သည့် လယ်ယာမြေများကို လက်ရှိထားပိုင်ခွင့်၊ ဌားရမ်းခွင့်၊ လုပ်ပိုင်ခွင့်၊ ရောင်းချခွင့်၊ ပေးကမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေါင်နှံခွင့် စသည့်အခွင့် အရေးများကို ရရှိမည်ဖြစ်ပါသည်။ ထို့အတွက်လယ်ယာမြေလုပ်ပိုင်ခွင့်ကိုတရားဝင်မှတ်ပုံတင်ထားရန် လိုအပ်ပါသည်။

(က) လယ်ယာမြေဆိုသည်မှာ-

နိုင်ငံတော်မှ အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့် လယ်ယာလုပ်ကိုင်နိုင်သော မြေရိုင်းများနှင့် လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဥ်မြေ ဟုလည်းကောင်း၊ ဟင်းသီးဟင်း ရွက်ပန်းမန် စိုက်ပျိုးသည့် ခြံမြေ ဟုလည်းကောင်း၊ မြေနုကျွန်းမြေ ဟုလည်း ကောင်း သတ်မှတ်ထားသည့်မြေများကို ဆိုလိုသည်။ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေး၊ အဆောက် အအုံများနှင့် ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများမပါဝင်ပါ။

(ခ)လယ်မြေဆိုသည်မှာ –

သဘာဝ အရ လည်းကောင်း၊ လူတို့ ဖန်တီးသောနည်းလမ်း အရလည်း ကောင်း၊ စိုက်ပျိုးရေးရယူပြီး ရေကိုထိန်းသိမ်း၍ စပါးအဓိကစိုက်ပျိုး သည့်မြေကို လယ်မြေဟုခေါ်သည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန် သည့်နည်းဥပဒေ၊ စည်းမျဥ်းစည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင်အသုံးချခွင့်ပြုခြင်းကို ဆိုလိုသည်။ သို့ရာတွင် မြေပေါ်မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့် ဓါတ်ငွေ့စသည့် သဘာဝသယံဇာတများထုတ်ယူအသုံးပြုခွင့် မပါဝင်ပါ။

လယ်ယာမြေအသုံးပြုခွင့်ရရှိထားသူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို တရားဝင်လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားသည့်အခါပြည်ထောင်စုအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာနတွင် မှတ်ပုံတင်သွင်းရမည်ဖြစ်သည်။

?အောက်ပါလယ်ယာမြေများသည် မှတ်ပုံတင်ရန်မဖြစ်မနေလိုအပ်ပါသည်။

(၁) လက်ရှိလုပ်ကိုင်နေသည့် လယ်ယာမြေများ။

(၂) ပြန်လည်သိမ်းယူထားသည့် လယ်ယာမြေများနှင့် နိုင်ငံတော်ကအခါအားလျော်စွာ ဖော်ထုတ်သည့်လယ်ယာမြေများ။

လက်ရှိအသုံးပြုခွင့်ရရှိထားသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို မှတ်ပုံတင်ရန်လျှောက်ထားလိုလျှင်-

(က)လူပုဂ္ဂိုလ်ဖြစ်ပါက-

(၁) လယ်ယာမြေကိုအသုံးပြုခွင့်ရရှိထားသည့် အိမ်ထောင်စုသည် တောင်သူ လယ်သမားအိမ်ထောင်စု (သို့) အိမ်ထောင်သားစုဝင် ဖြစ်ရမည်။

(၂) လယ်ယာမြေကိုအသုံးပြုခွင့်ရရှိထားသော အိမ်ထောင်စုအကြီးအကဲ (သို့) အိမ်ထောင်သားစုတွင်ပါဝင်သူ (သို့) အုပ်ထိန်းသူသည် ဤဥပေဒေပြဌာန်းအတည်မပြုမီ တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင်လက်ရှိ လက်ငုတ် လုပ်ကိုင်နေထိုင်သူဖြစ်ရမည်။

(၃) ဤဥပဒေပြဌာန်းပြီးနောက် ဤဥပဒေနှင့်ဖြစ်စေ၊ ဤဥပဒေအရပြုသည့်နည်းဥပဒေပြဌာန်းချက်များနှင့်အညီဖြစ်စေ တရားဝင်အကျိုးခံစားခွင့်ရရှိသူဖြစ်ရမည်။

(၄) အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(၅) နိုင်ငံသား၊ ဧည့်နိုင်ငံသား (သို့) နိုင်ငံသားပြုခွင့်ရသူဖြစ်ရမည်။

အဖွဲ့အစည်းဖြစ်ပါက လယ်ယာမြေကို အသုံးပြုခွင့်ရရှိသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း ကုမ္ပဏီ (သို့) အသင်းအဖွဲ့ ဖြစ်ရမည်။

ပြန်လည်သိမ်းယူသည့် လယ်ယာမြေနှင့် အသစ်ဖော်ထုတ်သည့် လယ်ယာမြေများနှင့် ပတ်သက်၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သက်ဆိုင်ရာအဖွဲ့များသို့ တာဝန်ပေးအပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ကိုလျှောက်ထားနိုင်သည်ဟု ကြေညာသည့်အခါ လယ်ယာမြေလုပ်ခွင့်ရရှိသူက သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေးပေးဆောင်စေ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ကို လျှောက်ထားနိုင်သည်။

(က) လူပုဂ္ဂိုလ်ဖြစ်ပါက-

(၁) လယ်ယာမြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများတွင်ပါဝင်ဆောင် ရွက်နေသူဖြစ်ရမည်။

(၂) အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(၃) အကြောင်းထူးမရှိလျှင် သက်ဆိုင်ရာ ရပ်ကွက် (သို့) ကျေးရွာအုပ်စုတွင် အခြေချနေထိုင်သူဖြစ်ရမည်။

(၄) နိုင်ငံသား၊ ဧည့်နိုင်ငံသား (သို့) နိုင်ငံသားပြုခွင့်ရသူဖြစ်ရမည်။

(ခ) အဖွဲ့အစည်းဖြစ်ပါက လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်းကို အမှန်တကယ်လုပ်ကိုင်လိုသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း ကုမ္ပဏီ (သို့) အသင်းအဖွဲ့ ဖြစ်ရမည်။

လျှောက်ထားသည့်အခါ လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာ(ပုံစံ-၁) နှင့် မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် လျှောက်ထားရပါမည်။ ထို့နောက် အဆင့်ဆင့်တင်ပြ၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းက လျှောက်ထားသူကို “လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)”ထုတ်ပေးမည်ဖြစ်သည်။ (နည်း၂၂(က)၊ ၂၃(က))

လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဥ်း၍ တရားရုံး ၏အဆုံးအဖြတ်ကိုခံယူနိုင်သည်။

(ကိုးကား-ဥပဒေလက်စွဲ၊လယ်ယာမြေဥပဒေနှင့်နည်းဥပဒေ)

?အထက်ပါလုပ်ငန်းစဥ်များကို တိုင်ပင်ဆွေးနွေးလိုပါက

?လုပ်ငန်းအပ်နှံုပါက

?‍⚖️ ဒေါ်ခင်ယမုံဇော်(LL.B(Q),HGP)?‍⚖️

⚖️ အထက်တန်းရှေ့နေ (စဥ် – ၄၇၄၅၉)⚖️

စံပယ်အိမ်ခြံမြေအကျိုးဆောင်နှင့်ဥပဒေပိုင်းဝန်ဆောင်လုပ်ငန်း

☎️ ၀၉ – ၈၈၅၀၃၂၃၁၅

လာမယ့်အပတ်တွေမှာလည်း ခုလို အိမ်ခြံမြေဗဟုသုတတွေကို တင်ပေးဦးမှာမို့လို့ page ကို like and follow လုပ်ပေးထားပါဦးနော်။?

Add Comment