Search...

Currency: MMK

လယ်ယာမြေအ‌ကြောင်း တစ်စေ့တစ်စောင်း အပိုင်း(၂)

Scroll Down To Discover

လယ်ယာမြေကို တစ်ခြားနည်းဖြင့် အသုံးပြုခြင်း။

၁။ စီမံကိန်းလုပ်ငန်းကြီးများ။

နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ စီမံကိန်းလုပ်ငန်းကြီးများအတွက် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုလိုလျှင် ပြည်ထောင်စုဝန်ကြီးဌာန (သို့) နေပြည်တော်ကောင်စီ (သို့) တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအနေဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ မှတ်ချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြရမည်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရလျှင် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။

၂။ အိမ်ရာတည်‌ဆောက်ခြင်း။

ကျေးလက်ဒေသများ (သို့) မြို့ပြဒေသများတွင် တိုးတက်လာသော လူဦးရေနှင့် တိုးပွားလာသော အိမ်ထောင်စုများအတွက် အိမ်ရာတည်ဆောက်ရန် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ရရှိနိုင်ပါသည်။

ကျေးလက်နေ လူနမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့် စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ လမ်း၊ တံတား၊ ကျေးလက်စျေး၊ ဘာသာရေး၊ အဆောက်အအုံ၊ သုဿာန်နှင့် အခြားလိုအပ်သော အဆောက်အအုံများအတွက် လယ်ယာမြေကို အသုံးပြုရန်ရှိပါက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၏ လုပ်ငန်းဆိုင်ရာ ခွင့်ပြု ချက်ရရှိပြီး ရန်ပုံငွေရရှိနိုင်မှုကလည်း အရေးပါပါသည်။

၃။ အဆောက်အအုံများဆောက်လုပ်ခြင်း။

လက်မှုလယ်ယာမှ ‌‌ခေတ်မီစက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင်လယ်ယာသုံးစက်ကိရိယာများထားရှိရန် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ဆန်စက်များတည်ထောင်ခြင်း၊ သီးနှံသိုလှောင်သည့် ဂိုဒေါင်များ ‌ဆောက် လုပ်ခြင်း၊ လိုအပ်သောကုန်ထုတ်လမ်းများနှင့် ‌အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းများအတွက် လယ်ယာမြေကိုအခြားနည်းဖြင့် အသုံးပြုခွင့် ရှိသည်။

နေပြည်တော်ကောင်စီ (သို့) တိုင်းဒေသကြီး (သို့) ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ပေးထားသည့် လုပ်ငန်းများ၏ ဆောင်ရွက်မှု အခြေအနေမှတ်တမ်းများနှင့်အတူ သက်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က (၆)တစ်ကြိမ် တင်ပြရမည်။

လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ရရှိထားသူသည် ခွင့်ပြုသည့်နေ့ရက်မှ (၆)လအတွင်း သတ်မှတ်ထားသည့်အတိုင်း စတင်အသုံးမပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးအောင် မဆောင်ရွက်လျှင်သော်လည်းကောင်း ခွင့်ပြုမိန့်ကိုပယ်ဖျက်၍ ချထားသည့်လယ်ယာမြေများကို သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပြန်လည်သိမ်းယူမည်ဖြစ်သည်။

လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ လိုက်နာရမည့် စည်းကမ်းချက်များ

လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည်

၁။ ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း လယ်ယာမြေ ကို လုပ်ကိုင်ရမည်။

၂။ လယ်ယာမြေ နှင့်ပတ်သက်၍ ဝန်ကြီးဌာနက စည်းကြပ်သော မြေခွန်နှင့်

အခြားအခွန်အခများကို ပေးဆောင်ရမည်။

၃။ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊

လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနက

သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို

ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာ ရုံးတွင် မှတ်ပုံတင်ရမည်။

၄။ ဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရရှိ

သည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံး

တွင်မှတ်ပုံတင်ရမည်။

၅။ စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို

ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် (သို့) အစိုးရက အသိအမှတ်ပြုသောဘဏ်

တွင်သာ ပေါင်နှံရမည်။

၆။ သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က တရားဝင်ချထားခြင်းမရှိဘဲ

ကျူးကျော်လုပ်ကိုင်ခြင်း မပြုရ။

၇။ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြုရ။

၈။ လယ်ယာမြေကို မူလစိုက်ပျိုးလျှက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံ

အမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရ။

၉။ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရ။

၁၀။ လယ်ယာမြေ လုပ်ပိုင်ခွင့်မရမီကာလအတွင်း (သို့) လယ်ယာမြေလုပ်ပိုင်

ခွင့်နှင့် စပ်လျဥ်း၍ အငြင်းပွားမှုဖြစ်ပေါ်နေသော ကာလအတွင်း လယ်ယာ

မြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း (သို့) ပေးကမ်း

ခြင်း မပြုရ။

လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ၊ မည်သည့် နိုင်ငံခြား (သို့) နိုင်ငံခြားသားပါဝင်သည့် အဖွဲ့အစည်းကိုမျှရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း (သို့) ပေးကမ်းခြင်း မပြုရ။

လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် အထက်ဖော်ပြပါ စည်းကမ်းချက် များကို လိုက်နာရန်ပျက်ကွက်ပါက လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က စုံစမ်းစစ် ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့်တစ်မျိုးမျိုးကို ချမှတ်နိုင်ပါသည်။

(က) သတ်မှတ်သည့် ဒဏ်ကြေးငွေပေးဆောင်ခြင်း။

(ခ) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း။

(ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း။

(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော

အဆောက်အအုံများကို ဖယ်ရှားခြင်း။ တို့ဖြစ်သည်။

လယ်ယာမြေ လုပ်ပိုင်ရရှိသူသည် ဝန်ကြီးဌာနမှ စည်းကြပ်ကောက်ခံသည့် အခွန်အခများကို ပေးဆောင်ရန်ပျက်ကွက်လျှင် တည်ဆဲဥပဒေများနှင့် အညီ ထိုအခွန်အခများကို မြေခွန်မပြေကျန်ငွေ ကောက်ခံခြင်းခံရမည်။

ထို့ကြောင့် တောင်သူလယ်သမားများနှင့် ပြည်သူများအနေဖြင့် လယ်ယာမြေကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိနားလည်စေရန်အတွက် ဗဟုသုတအဖြစ် ရေးသားပေးခြင်းဖြစ်ပါသည်။

(ကိုးကား-ဥပဒေလက်စွဲ၊လယ်ယာမြေဥပဒေနှင့်နည်းဥပဒေ)

?အထက်ပါလုပ်ငန်းစဥ်များကို တိုင်ပင်ဆွေးနွေးလိုပါက

?လုပ်ငန်းအပ်နှံလိုပါက

?‍⚖️ ဒေါ်ခင်ယမုံဇော်(LL.B(Q),HGP)?‍⚖️

⚖️ အထက်တန်းရှေ့နေ (စဥ် – ၄၇၄၅၉)⚖️

စံပယ်အိမ်ခြံမြေအကျိုးဆောင်နှင့်ဥပဒေပိုင်းဝန်ဆောင်လုပ်ငန်း

☎️ ၀၉ – ၈၈၅၀၃၂၃၁၅

Add Comment