Search...

Currency: MMK

အိမ်ခြံမြေ အရောင်းအဝယ် (စရံပေး-ငွေချေ) စာချုပ်များအကြောင်း

Scroll Down To Discover

စာချုပ်ချုပ်ဆိုလို့သာ ချုပ်လိုက်ကြပါတယ်၊ စာချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့

သဘောပြုလုပ်ကြတာများပါတယ်။

ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး၊

သို့သော် ဖြစ်ခဲ.ရင် ဘယ်လိုရှင်းကြမလဲ ?

✅ စာချုပ်ကို သေချာမချုပ်ဆိုခဲ့ရင် စိတ်ညစ်စရာ အများကြီးနဲ့ ဖြေရှင်းရ

တာတွေ နောက်ပိုင်းကြုံတွေ့ကြရပါတယ်။

ဒါဟာ စာချုပ်မှာ ပါဝင်သင့်တဲ့အချက်တွေ မပါဝင်ကြလို့ပါပဲ။

✅ ဒါကြောင့် စာချုပ်ချုပ်တော့မယ်ဆိုရင် ပါဝင်သင့်တဲ့ အချက်တွေနဲ့

ပတ်သက်ပြီးတင်ပြလိုက်ပါတယ်ရှင်။

✅ အိမ်ခြံမြေ ပတ်သက်ပြီး ချုပ်ဆိုတဲ့ စာချုပ်မျိုးဆိုရင် အောက်ပါအချက်တွေ

ကို သတိပြုပြီး ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုဖို့လိုပါတယ်။

? အိမ်ခြံမြေ အရောင်းအဝယ်အတွက် စရံပေးမှနောက်ဆုံးငွေချေစာချုပ်?

? အောက်ပါအချက်အလက်တွေကို အရေးတကြီးထည့်သွင်းရမှာဖြစ်ပါတယ်။

1️⃣ စာချုပ်ကို ချုပ်တဲ့နေရာ၊ နေ့ရက်၊ ခုနှစ်သက္ကရာဇ် ?

2️⃣ စာချုပ်ချုပ်ဆိုသူတွေ – ရောင်းသူ၊ ဝယ်ယူသူနဲ့ သက်သေ(၂)ယောက်

(အားလုံးသည် ၁၈နှစ်ပြည့်ပြီးသူများ၊ရူးသွပ်ခြင်းမရှိသူများ ဖြစ်ရန်လို)

3️⃣ ရောင်းချမည့်ပစ္စည်း (ပစ္စည်း၏ အမျိုးအစား၊တည်နေရာ၊အကျယ်အဝန်း

အချက်အလက် အပြည့်အစုံ)✅

4️⃣ အဲဒီပစ္စည်းကို ဘာလုပ်ဖို့ချုပ်ဆိုကြတာလဲ (ကမ်းလှမ်းချက်နဲ့ သဘောတူ

ချက်)

5️⃣ ရောင်းချသူနှင့် ဝယ်ယူသူတို့၏ တာဝန်ယူမှု။ ?

– စည်းကမ်းချက်များ(‌အတိအကျရေးသွင်းရန်)။

6️⃣ ငွေပေးချေမှု အပြည့်အစုံ (တန်ဖိုးငွေကို ဘယ်လိုပေးဆောင်ရမှာလဲ) ?

7️⃣ ပစ္စည်းကိုအပ်နှံရန်လိုအပ်ချက်အပြည့်အစုံ (တန်ဖိုးငွေပေးဆောင်တဲ့အတွက်

တစ်ဖက်က ဘာလုပ်ပေးမှာလဲ အတိအကျရေးသွင်းရန်) ?

8️⃣ အချိန်ကာလသတ်မှတ်ချက် (‌အတိအကျရေးသွင်းရန်) ?

– တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုလိုက်နာကြရမှာလဲ။

9️⃣ ပျက်ကွက်ခဲ့ရင် ပျက်ကွက်သူရဲ့ တာဝန်ကဘာလဲ။

? တစ်ဖက်ရဲ့ ပျက်ကွက်မှုကြောင့် နစ်နာသူရဲ့ အကျိုးခံစားခွင့်က ဘာလဲ။

စာချုပ်ချုပ်ရာမှာ အထက်ပါ အချက်အလက်တွေ ပြည့်စုံစွာပါဝင်ရပါမယ်။

……………….?……………….

အထက်ပါ အရောင်းအဝယ်အတွက် စရံပေးမှ နောက်ဆုံးငွေချေပြီး ပစ္စည်းကိုလက်ရောက်အပ်သည်အထိ ပြီးပြည့်စုံတဲ့ စာချုပ်စာတမ်းဝန်ဆောင်မှုတွေ အပ်နှံချင်တယ်ဆို စံပယ်အိမ်ခြံမြေမှာ ယုံကြည်စွာ လာရောက်အပ်နှံနိုင်ပါတယ်ရှင်။

ကျွမ်းကျင်သူများက စာရွက်စာတမ်းများကို စနစ်တကျ စစ်ဆေးပေးပြီး လိုင်စင်ရ ရှေ့နေမှ နှစ်ဦးနှစ်ဖက် မျှတသော ၊ ပြည့်စုံသော စရံပေး ၊ အရောင်း အဝယ်စာချုပ်များကို လူကြီးမင်းတိုကိုအကောင်းဆုံးဝန်ဆောင်ပေးလျှက်ရှိပါကြောင်း ..???

အလားတူ အိမ်ခြံမြေ နှင့်ပတ်သက်သော အရောင်း/အဝယ်/အငှါး နှင့် ဥပဒေပိုင်းဆိုင်ရာလုပ်ငန်းအားလုံးကို ပါအကောင်းဆုံး ဝန်ဆောင်ပေးလျှက်ရှိပါကြောင်း …..???

?? လူကြီးမင်း၏ရွေးချယ်မှုမှန်ကန်စေရမည်??

? အထက်ပါလုပ်ငန်းစဥ်များအတွက် တိုင်ပင်ဆွေးနွေးလိုပါက၄င်း

? လုပ်ငန်းများအပ်နှံလိုပါက၄င်း

ဒေါ်ခင်ယမုံဇော်

?‍⚖️အထက်တန်းရှေ့နေ ?‍⚖️

⚖️ စဥ် – ၄၇၄၅၉/၂၀၁၆ ⚖️

☎️ ၀၉ – ၈၈၅၀၃၂၃၁၅

စံပယ်အိမ်ခြံမြေအကျိုးဆောင်နှင့်ဥပဒေပိုင်းဝန်ဆောင်မှုလုပ်ငန်း

Add Comment