မြန်မာနိုင်ငံတွင် ကျေးလက်မြို့ရွာများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြေယာနှင့်အဆောက်အအုံဆိုင်ရာပြဿနာ အများအပြား ကြုံတွေ့လာကြရပါ သည်။ ရန်ကုန်နှင့်မန္တလေးကဲ့သို့ မြို့ကြီးပြကြီးများ၌ ယခင်န.ဝ.တလက်ထက်ကချပေးခဲ့သည့် ပါမစ်မြေများနှင့်ပတ်သက်၍ အ များ သူငါသိကောင်းစရာအဖြစ် တင် ပြပေးခြင်းဖြစ်ပါသည်။
ပါမစ်မြေ(အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)ဆိုသည်မှာ မြေနေရာချထားသည့် အမိန့်ဖြစ်ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက် ရေးအဖွဲ့(န.ဝ.တ)လက်ထက်တွင် မြန်မာနိုင်ငံအနှံ့အပြား၌ မြို့သစ်များဖော်ထုတ်သည့် စီမံကိန်းများကို နိုင်ငံတော်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်တိုင်းရှိ ဒဂုံမြို့သစ်၊ ရွှေပြည်သာ၊ လှိုင်သာယာ စသည့်မြို့များတွင် ပါမစ်မြေများကိုစတင်၍ သတ်မှတ်ချထားပေးခဲ့ပါသည်။
– ကိုယ်ပိုင်အိမ်ရာမရှိသော လုပ်သက်နှစ် ( ၂၀ )နှင့်အထက် နိုင်ငံဝန်ထမ်းများကိုမဲစနစ်ဖြင့်ချထားပေးသောမြေဖြစ်ပါသည်။
– ၎င်းနောက်ရပ်ကွက်ပြောင်းရွှေ့သောပြည်သူများကိုလည်းချထားပေးပါသည်။
………………………………
ပါမစ်မြေချထားခံရသူကို ချထားပေးသည့် ပါမစ်စည်းကမ်းချက်များအရဆိုလျှင်-
၁။ မြေရရှိသူသည်( ၇ )ရက်အတွင်း သက်ဆိုင်ရာမြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် သွားရောက်၍ မှတ်ပုံတင်ပြီးမြေကိုလက်ခံရပါမည်။
၂။ မြေလက်ခံရယူပြီး ( ၃ )လအတွင်းမြေပေါ်တွင် အိမ်ဆောက်လုပ်ပြီးနေထိုင်ရမည်
၃။ ချထားသာမြေပေါ်တွင် လူနေထိုင်ရန်အတွက်သာ အိမ်ဆောက်လုပ်ရမည်။
၄။ အိမ်ဆောက်လုပ်ပြီးနေထိုင်သည့်အခါ အိမ်ဆောက်လုပ်ပြီးစီးကြောင်းဖော်ပြ၍ မြေပေါ်တွင်နေထိုင်ခွင့်အမိန့်ကို မြေနေရာချထားရေးရုံးတွင် သွားရောက်ထုတ်ယူရမည်။
ပါမစ်မြေရရှိသူသည် စည်း ကမ်းများကို လိုက်နာရန်ပျက်ကွက်ပါက ခွင့်ပြုထားသော မြေကွက်အပြင် မြေပေါ်ရှိအဆောက်အအုံကိုပါ ပါမစ်ချထားပေးသည့်ဌာနမှ ပြန်လည်သိမ်း ယူနိုင်သည်ကိုလည်း အထူးသတိပြုရန်လိုအပ်ပါသည်။
ပါမစ်မြေရရှိသူသည် အဆိုပါ ပါ မစ်မြေပေါ်တွင် နေထိုင်ခွင့်ရရှိသည့်အချိန်မှစ၍ အဆိုပါ ပါမစ်အား ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ လွှဲပြောင်းခြင်း လုံးဝပြုလုပ်ခွင့်မရှိပါ။
ပါမစ်မြေရရှိသူသည် အဆိုပါမြေကွက်တွင် အိမ်ဆောက်နေထိုင်ရန် မြေနေရာချထားသူသာဖြစ်ပြီး အစိုးရမြေကို တရားဝင်သုံးစွဲခွင့်မရရှိသေးဟု ဆိုနိုင်ပါသည်။
သတ်မှတ်ထားသော နေထိုင်ခွင့်ကာလ ကုန်ဆုံးသည့်အခါ အမြဲနေ ထိုင်ခွင့်ရလိုပါက မြေဌားစာချုပ် (Grant)မပျက်မကွက်လျှောက်ထားရယူရန် လိုအပ်ကြောင်း ဗဟုသုတအလိုဌာမျှဝေပေးလိုက်ပါသည်။
(ခြွင်းချက်- ပါမစ်များတွင် နေထိုင်ခွင့်ကာလသက်တမ်းကို မထည့်ထားပါ)
အထက်ပါလုပ်ငန်းစဥ်များအတွက် တိုင်ပင်ဆွေးနွေးလိုပါက၄င်း
လုပ်ငန်းများအပ်နှံလိုပါက၄င်း
ဒေါ်ခင်ယမုံဇော်
စံပယ်အိမ်ခြံမြေအကျိုးဆောင်နှင့်ဥပဒေပိုင်းဝန်ဆောင်မှုလုပ်ငန်း
အထက်တန်းရှေ့နေ
စဥ် – ၄၇၄၅၉/၂၀၁၆
၀၉ – ၈၈၅၀၃၂၃၁၅.
အမှတ်(၇၂၇)၊ ပြည်ထောင်စုလမ်းမကြီး၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။
အမှတ်(၈၄)ဓမ္မဝိဟာရလမ်း၊ ကျောက်မြောင်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ တာမွေ မြို့နယ်။
.
.
.
Comments - 1
Sabei Realestate
Good Post