Search...

Currency: MMK

ဂရန်မြေဆိုတာ ဘာလဲ

Scroll Down To Discover

ဂရန်မြေဆိုသည်မှာ နိုင်ငံတော်အစိုးရက မြို့မြေအဖြစ် အမိန့်ကြေငြာစာထုတ်ပြန်ပြီးသောမြို့များဟူ၍ရှိရာ ယင်းမြို့များတွင် မြို့မြေ၏အင်္ဂါရပ်နှင့် ညီညွှတ်စေရန်နှင့် လူနေရပ်ကွက်များအဖြစ် ကျန်းမာရေး၊ မီးဘေးလုံခြုံရေး၊လူမှုရေး၊ ပညာရေး၊ စည်ပင်သာယာရေး အစရှိသော လူနေမှုဘဝပြည့်စုံစေရေးအလို့ငှ ာရည်ရွယ်၍ ဂရန်၊ အငှားဂရန်၊ လိုင်စင်မြေများကို လူနေထိုင်ရန်၊ စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန်၊ အများပြည်သူအကျိုးအတွက် အသုံးပြုရန်

စသဖြင့် ချမှတ်ပေးလေ့ရှိသည့် မြေမျိုးကိုဆိုလိုသည်။

ထိုသို့ချမှတ်ပေးရာတွင် ဂရန်မြေများကို နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများ၌ သက်ဆိုင်ရာစည်ပင်သာယာ‌ရေးကော်မတီတို့မှ အမှုတွဲများဖွင့်လှစ်ဆောင်ရွက်ချထားပေးပါသည်။ အခြားတိုင်း‌ဒေသကြီးနှင့်မြို့နယ်များ မြို့မြေအဖြစ်သတ်မှတ်ထားသည့် မြို့များတွင်မူ ခရိုင်အုပ်ချုပ်ရေးမှူးများကချမှတ်ပေးပါသည်။

ဂရန်အမျိုးအစားများကို-

(က) အခွန်လွတ်မြေဂရန်

(ခ) မြေငှားဂရန်စာချုပ် ဟူ၍ခွဲခြားထားပါသည်။

(က) အခွန်လွတ်မြေဂရန်ဆိုသည်မှာ ဘာသာရေးဆိုင်ရာ အဆောက်အအုံဆောက်လုပ်အသုံးပြုရန်အတွက်လည်းကောင်း၊ အများပြည်သူနှင့်သက်ဆိုင်သည့် ဝင်ငွေရရန်ကိစ္စရပ်များကို အသုံးပြုရန်အတွက်လည်းကောင်း နိုင်ငံတော်က စီမံခန့်ခွဲ၍ မြေလွတ်မြေလပ်များကို အခွန်လွတ်မြေဂရန်ထုတ်ပေးနိုင်ပါသည်။ ထိုကဲ့သို့သော ဂရန်မြေကိုထုတ်ပေးရာ၌ နှစ်စဉ် မြေငှားခပေးဆောင်ရန်မလိုဘဲ ဂရန်ကင်းလွတ်ခွင့်ရသည်။ အပိုင်ပေးစာချုပ်လျှောက်ထားလာလျှင်လဲ စိစစ်ထုတ်ပေးပါသည်။ ဘာသာရေးနှင့်ပတ်သက်၍အလို့ငှာ ဗဒ္ဓသိမ်ဝင်ရဟန်းသံဃာတော်များ၊ သာသနာ့နယ်မြေအတွင်း သိမ်အဆောက်အအုံဆောက်လုပ်နေထိုင်ရန်အတွက် ဗဒ္ဓသိမ်မြေဟူ၍ ဂရန်မြေကိုခွင့်ပြုချထားပေးပါသည်။

(ခ) မြေငှားဂရန်စာချုပ်ဆိုသည်မှာ လူနေထိုင်ရန်အဆောက်အအုံဆောက်လုပ်ရန်၊ စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန်၊ ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်ရန်နှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန်နှင့် အခြားစီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် အဆောက်အအုံများဆောက်လုပ်အသုံးပြုရန် နှစ်စဉ်မြေငှားခ၊ကာလအပိုင်းအခြားသတ်မှတ်ချက်များဖြင့် စာချုပ်စည်းကမ်းများသတ်မှတ်ကာ ခွင့်ပြုချထားသည့်မြေကိုဆိုလိုပါသည်။

ဤသို့ခွင့်ပြုချထားရာ၌ လူနေထိုင်ရန်ဆောက်လုပ်မည့် အဆောက်အအုံ ၏ကောင်းမွန်ခိုင်ခံ့မှု၊ တာရှည်ခံနိုင်ရည်ရှိမှုများကိုစီစစ်တွက်ချက်၍ နှစ်(၉၀)သို့ တိုင်အောင် သက်တမ်းတိုး(၃)ကြိမ်လဲလှယ်နိုင်သော နှစ်(၃၀)နှစ်ရှည်မြေငှား

ဂရန်နှင့် သက်တမ်းတိုးလဲလှယ်ခွင့်မရှိသော (၁၀)နှစ်နှစ်တိုမြေငှားဂရန်တို့ပါဝင်ပါသည်။ နှစ်တိုမြေငှားဂရန်သည် ဂရန်သက်တမ်းကုန်ဆုံးတိုင်း အသစ်ပြန်လျှောက်ရမည့် ဂရန်အမျိုးအစားဖြစ်သည်။

ဂရန်မြေ(Grant)သည် လိုင်စင်မြေ၊ ပါမစ်မြေများနှင့်မတူဘဲ ဂရန်မြေအမည်အပေါက်လက်ဝယ်ရှိသူသည် ၄င်းရရှိထားသည့် ဂရန်မြေအား ဉပ‌ဒေနှင့်အညီ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ အမွေဆက်ခံခွင့် ဆောင်ရွက်နိုင်သည့် အခွင့်အရေးရရှိပြီးဖြစ်ပါသည်။ ဂရန်မြေနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သမျှကို ဆက်လက်မျှဝေပေးသွားမည်ဖြစ်ပါသည်။

? အထက်ပါလုပ်ငန်းစဥ်များအတွက် တိုင်ပင်ဆွေးနွေးလိုပါက၄င်း

? လုပ်ငန်းများအပ်နှံလိုပါက၄င်း

?‍⚖️ ဒေါ်ခင်ယမုံဇော်(LL.B(Q,(HGP)?‍⚖️

⚖️အထက်တန်းရှေ့နေ (စဥ် – ၄၇၄၅၉) ⚖️

စံပယ်အိမ်ခြံမြေအကျိုးဆောင်နှင့်ဥပဒေပိုင်းဝန်ဆောင်မှုလုပ်ငန်း

☎️ ၀၉ – ၈၈၅၀၃၂၃၁၅

Add Comment