Search...

Currency: MMK

GP,SP အကြောင်းသိကောင်းစရာများ

Scroll Down To Discover

GPဆိုတာဘာလဲ???????

GP(General Power)ဆိုသည်မှာ အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှတစ်ခြားလူတစ်ဦးသို့ မိမိ၏ပိုင်ရေးဆိုင်ခွင့်အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ GP‌ (အထွေထွေကိုယ်စားလှယ်လွှဲစာ)ကို ပေးအပ်ခြင်းဖြစ်ပါသည်။

အိမ်ခြံမြေအရောင်းအဝယ်ကိစ္စရပ်များ၌ အလျင်စလိုမှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်၍ အခွန်ဆောင်ရန်ကိစ္စရပ်များ မဆောင်ရွက်နိုင်သေးသည့်အခြေအနေတွင် အဆင်ပြေသည့်အချိန်၌ဆောင်ရွက်နိုင်ရန်အတွက်

အထွေထွေကိုယ်စားလှယ်လွှဲစာ (GP) လွှဲအပ်ရယူကြပါသည်။ တရားစွဲဆိုခြင်းကိစ္စရပ်များအတွက်လည်း အခြားသူတို့နှင့်အမှုကိစ္စဆောင်ရွက်ရာ၌ ကိုယ်စားဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (GP) လွှဲအပ်ယူကြပါသည်။

SPဆိုတာဘာလဲ???????

SP(Special Power)ဆိုသည်မှာ အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပာယ်ရပြီး လူတစ်ဦးမှမိမိပိုင်ရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ (SP)ခေ် အထူးကိုယ်စားလှယ်လွှဲစာကိုပေးအပ်ခြင်းဖြစ်ပါသည်။

SP(Special Power)သည် လွှဲအပ်သူနှင့်သက်ဆိုင်သည့်အကြောင်းအရာ

အမျိုးမျိုးပေါ်တွင်မဟုတ်ဘဲ လွှဲအပ်သူ၏လွှဲအပ်သည့် အထူးပြုအကြောင်းအ ရာအပေါ်သာလျှင် ကိုယ်စားဆောင်ရွက်စေလိုသည့်အခါ အထူးကိုယ်စားလှယ်လွှဲစာ(SP)ကို လွှဲအပ်ရယူကြသည်။

SP(Special Power)ပေးသည်ဆိုရာ၌ မြေအမည်ပေါက်သူကိုယ်တိုင်ပေးရမည်။ မြေကွက်တစ်ခု၏ SPရထားသူမှ အခြားလူတစ်ဦးသို့ ယင်းမြေကွက်နှင့်ပတ်သက်၍ ထပ်ဆင့် SPပေးလို့မရပါ။

လယ်မြေနှင့်ဥယျာဉ်ခြံမြေတို့တွင် အမည်ပေါက်ပုံစံ(၇)ကျပြီးပါက SP ပေးလို့ရသည်။

ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ(မြေပိုင်မြေ)၊ လန-၃၉နှင့် ၃(ခ)တို့သည် SPပေးလို့ရသည်။

စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေများတွင် SPပေးလို့မရပါ။

GP/SP လွှဲမည်ဆိုလျှင်ဥပဒေအရ-

– အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

– စိတ်ကစဥ့်ကလျားဖြစ်နေသူ၊ စိတ်ပေါ့သွပ်သူမဖြစ်ရပါ။

– တစ်ဦးထဲမှအများကိုလွှဲအပ်နိုင်သလို၊ အများမှလည်းတစ်ဦးထဲကို လွှဲအပ်နိုင်သည်။

– GPလွှဲမည်ဆိုလျှင် ကာယကံရှင်ကိုယ်တိုင်နှင့် မှတ်ပုံတင်လိုအပ်ပါသည်။

– SP လွှဲမည်ဆိုလျှင် ကာယကံရှင်ကိုယ်တိုင်နှင့် မှတ်ပုံတင်အပြင် မိမိအထူးပြုလွှဲမည့်ကိစ္စရပ်အတွက် မိမိပိုင်ဆိုင်ကြောင်း ပိုင်ဆိုင်မှုအထောက်အ ထား(အမည်ပေါက်)စာရွက်စာတမ်းများ လိုအပ်ပါသည်။

GPလွှဲမည်ဆိုပါက လက်ရှိရုံးခွန်၊ တံဆိပ်ခေါင်းခွန်အရ ၁၀၀၀ကျပ် ထမ်းဆောင်ရမည်။

SPလွှဲမည်ဆိုပါက လက်ရှိရုံးခွန်၊ တံဆိပ်ခေါင်းခွန်အရ ၃၀၀ကျပ်ထမ်းဆောင်ရမည်။

GP/SPလွှဲစာများ ဆောင်ရွက်ရာတွင် လွှဲအပ်သူကဖြစ်စေ၊ ကိုယ်စားလှယ်လွှဲစာကို လက်ခံသူကဖြစ်စေ သေဆုံးသွားလျှင်ဖြစ်စေ၊ စိတ်ပေါ့သွပ်သွားလျှင်ဖြစ်စေ၊ ထောင်နှစ်ရှည်ကျလျှင်ဖြစ်စေ၊ ‌ကြွေးမြီမှကင်းလွတ်စေရန်အတည်ဖြစ်လျက်ရှိသည့် ‌ဥပဒေတစ်ရပ်ရပ်အရ ကြွေးမဆပ်နိုင်သည့်လူမွဲစာရင်း ဖြစ်ကြောင်းစီရင်ဆုံးဖြတ်ခြင်းခံရခြင်းကြောင့်ဖြစ်စေ၊ လွှဲအပ်သည့်သူက ရုပ်သိမ်းလျှင်ဖြစ်စေ၊ လက်ခံသူက ငြင်းပယ်လျှင်ဖြစ်စေ ကိုယ်စားလှယ်လွှဲစာဆုံးခန်းတိုင်ပြီး ပျက်ပြယ်သွားမှာ ဖြစ်သည်။

ကိုယ်စားလှယ်လုပ်ငန်းပြီးဆုံးခြင်းကြောင့်လည်း ပျက်ပြယ်ပါသည်။

ပဋိဉာဏ်အက်ဥပ‌ဒေပုဒ်မ(၂၀၁)နှင့်(၂၀၆)အရ

ကိုယ်စားလှယ်လွှဲခံရသူက ပေးအပ်ခံရသည့်ကိုယ်စားလှယ်လွှဲစာကို ရုပ်သိမ်းချင်လျှင် ကိုယ်စားလှယ်လွှဲသူထံသို့ နို့တစ်စာ(Notice) ပေးပို့ပြီး အကြောင်းကြားရမည်။သို့ရာတွင် ကိုယ်စားလှယ်လွှဲခံရ၏လုပ်ဆောင်သည့်ကိစ္စအရပ်ရပ်သည် အတိုင်းအတာတစ်ခုအထိရောက်ရှိနေပြီဆိုလျှင် တာဝန်ပြီးဆုံးသည်အထိဆက်လက်ဆောင်ရွက်သွားရမည်။ ကိုယ်စားလှယ်လွှဲစာကိုရုပ်သိမ်း၍မရနိုင်ပါ။

ထို့ကြောင့် GP/SP မူလရယူထားပြီး ငွေကြေးအဆင်ပြေသည့်အချိန်မှ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ပြင်ဆင်သည့်အချိန်တွင် GP/SPရယူထားသူအား လွှဲအပ်ထားသည်မှာ မှန်ကန်ကြောင်း၊ လွှဲအပ်သူသက်ရှိထင်ရှားရှိသေးကြောင်း ပြန်လည်ရုပ်သိမ်းထားခြင်းမရှိကြောင်းကို တရားရုံးကျမ်းကျိန်ချက် ပြုလုပ်ရမည်ဖြစ်သည်။

GP/SPပေးရာသက်ဆိုင်ရာကြေးတိုင်းနှင့်မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီးပေးမှသာလျှင် တရားဝင်မည်ဖြစ်သည်။

GP/SPတွင် လွှဲအပ်သူ၊ လက်ခံသူ၊ သက်သေ(၂)ဦး၏အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့်တကွ ပေးအပ်မည့် ပစ္စည်းကိုသေချာစွာဖော်ပြ၍ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

?အထက်ပါလုပ်ငန်းစဥ်များကို တိုင်ပင်ဆွေးနွေးလိုပါက

?လုပ်ငန်းအပ်နှံလိူပါက

?‍⚖️ ဒေါ်ခင်ယမုံဇော်(LL.B(Q),HGP)?‍⚖️

⚖️ အထက်တန်းရှေ့နေ (စဥ် – ၄၇၄၅၉)⚖️

စံပယ်အိမ်ခြံမြေအကျိုးဆောင်နှင့်ဥပဒေပိုင်းဝန်ဆောင်လုပ်ငန်း

☎️ ၀၉ – ၈၈၅၀၃၂၃၁၅

Add Comment