Search...

Currency: MMK

အိမ်ခြံမြေအရောင်းအဝယ်စာချုပ် ချုပ်ဆိုရာမှာ သိသင့်တဲ့ အချက်များ

Scroll Down To Discover

စာချုပ်ဆိုတာ “အကြောင်းအရာတခုအပေါ်မှာ နှစ်ဦးနှစ်ဖက်သဘောတူညီချက်” ကို ခိုင်မာအောင် စာနှင့် ရေးသားဖော်ပြခြင်းပဲဖြစ်ပါတယ်။ တစ်ယောက်ရဲ့ကမ်းလှမ်းချက်ကို တစ်ယောက်က လက်ခံပြီး ကတိကဝတ်ပြုပြီးနောက်မှာ “နှစ်ဦးသဘောတူ စာချုပ်” ကိုချုပ်ဆိုကြပါတယ်။

စာချုပ်တစ်ရပ်ကို ဘယ်လိုပဲ ခိုင်မာအောင်ချုပ်ချုပ် တရားဥပဒေက ပျက်ပြယ်တယ်လို့ ပြဌာန်းထားတဲ့ အချက်ကို ချုပ်ဆိုထားမိရင် စာချုပ်က တရားဝင်မဖြစ်ပါဘူး။ ဒါကြောင့် စာချုပ်ချုပ်ဆိုသူများ အနေနဲ့ ပြဌာန်းချက်တွေနဲ့ မငြိစွန်းအောင် ချုပ်ဆိုတတ်ဖို့ အရေးကြီးပါတယ်။ အိမ် ခြံ‌ မြေနဲ့ပတ်သက်ပြီး ချုပ်ဆိုတဲ့စာချုပ်မျိုးတွေမှာ အောက်ပါအချက်များကို ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုပေးဖို့ လိုပါတယ်။

– စာချုပ်ချုပ်ဆိုသူများရဲ့ အမည်၊ အဖအမည်၊ မှတ်ပုံတင်နံပါတ်။

– ပစ္စည်းအမျိုးအစား၊ တည်နေရာ၊ အကျယ်အဝန်း။

(ပစ္စည်းရဲ့အချက်အလက်အပြည့်အစုံကိုဖော်ပြဖို့လိုပါတယ်။)

– ကမ်းလှမ်းချက်နဲ့ သဘောတူညီချက် ပါရပါမယ်။

– အရောင်းအဝယ်လုပ်တဲ့ အိမ် ခြံ မြေရဲ့တန်ဖိုးကို ဘယ်လိုပေးဆောင်မလဲ။

– ငွေချေဖို့ကာလ ဘယ်လိုသတ်မှတ်မလဲ။

– ပျက်ကွက်ခဲ့ရင် ပျက်ကွက်သူရဲ့တာဝန်နဲ့ ပျက်ကွက်မှုကြောင့် နစ်နာသူရဲ့

အကျိုးခံစားခွင့်။

– ရောင်းသူ၊ ဝယ်သူရဲ့ အမည်၊ မှတ်ပုံတင်၊ လက်မှတ်။

– စာချုပ်ချုပ်ဆိုခြင်းမှာ ပါဝင်တဲ့ အသိသက်သေများရဲ့ လက်မှတ်၊ အမည်၊

မှတ်ပုံတင်။

စာချုပ်စာတမ်းရေးသားရာမှာ ရှင်းလင်းပြေပြစ်တဲ့ စကားနဲ့ ရေးသားဖို့လိုတဲ့အပြင် ချုပ်ဆိုသူတွေရဲ့ သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ချုပ်ဆိုတဲ့ စာချုပ်စာတမ်းကိုသာလျှင် သက်သေအဖြစ် လက်ခံရရှိမှာ ဖြစ်တယ်။

#စာချုပ်ရေးပုံရေးနည်း

စာချုပ်မှာ ခုနှစ်၊ လ၊ ရက်တို့ကို တိတိကျကျ ‌သေသေချာချာရေးဖို့လိုပါတယ်။ စာချုပ်နောက်ပိုင်းမှာ ပစ္စည်းစာရင်းဇယားကို ပြည့်ပြည့်စုံစုံဖော်ပြရပါမယ်။ ချုပ်ဆိုတဲ့ စာချုပ်က ဘယ်လိုအမျိုးအစားဆိုတာ အလွယ်တကူသိနိုင်တဲ့ စာချုပ်ခေါင်းစဥ်မျိုး ဖြစ်ရပါမယ်။ စာချုပ်ချုပ်ဆိုရာမှာ ပါဝင်သူက အသက်မပြည့်သေးသူဖြစ်ရင် သက်ဆိုင်ရာအုပ်ထိန်းသူက လက်မှတ်ရေးထိုးပေးရပါမယ်။

စာချုပ်မှာ ဖျက်ရာပါရင် ဖျက်ရာနေရာမှာ နှစ်ဖက်လုံး လက်မှတ်ရေးထိုးရပါမယ်။ ငွေပမာဏကို ဂဏန်းနဲ့ရေးရမဲ့အပြင် စာနဲ့လည်းရေးရပါမယ်။ ချုပ်ဆိုတဲ့စာချုပ်မှာ တံဆိပ်ခေါင်းလုံလောက်ဖို့လည်း လိုပါသေးတယ်။ ရှေ့နေချုပ်တဲ့စာချုပ်မှာတော့ ဥပ‌ဒေအရ အရှုပ်အရှင်းဖြစ်လာရင် စာချုပ်ပါအတိုင်း ရုံး၊ ဌာန အဆင့်ဆင့်မှာ လိုက်ဆောင်ရွက်ပေးပါတယ်။ အချုပ်အားဖြင့် စာချုပ် ချုပ်ဆိုရာတွင် လစ်ဟာမှုမရှိဘဲ စည်းနှောင်အားကောင်း ကောင်းနဲ့ ဖော်ပြချုပ်ဆိုရန် လိုအပ်ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ ပြည့်စုံတဲ့ အိမ်ခြံမြေ အရောင်းအဝယ် စာချုပ်ချုပ်ဆိုနည်းပဲဖြစ်ပါတယ်။ ဒီစာချုပ်စာတမ်းကိစ္စတွေနဲ့ ဆက်စပ်ဥပဒေပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို စံပယ်အိမ်ခြံမြေမှာ ယုံကြည်စွာ လာရောက်အပ်နှံနိုင်ပါတယ်။ သက်ဆိုင်ရာ ဥပဒေကျွမ်းကျင်ပညာရှင်များမှ အကောင်းမွန်ဆုံးနဲ့ အမြန်ဆန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ်။

?‍⚖️ ဒေါ်ခင်ယမုံဇော်(LL.B(Q),HGP)?‍⚖️

⚖️ အထက်တန်းရှေ့နေ (စဥ် – ၄၇၄၅၉)

စံပယ် အိမ်ခြံမြေအကျိုးဆောင်နှင့်ဥပ​ဒေပိုင်းဆိုင်ရာ

ဝန်ဆောင်မှုလုပ်ငန်း

Add Comment