
အိမ်ခြံမြေဝယ်ကြရာမှာ ပါမစ်ထက်ဂရန်ကိုလူကြိုက်များပါတယ်။
မိမိလိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်ကြပါတယ်။
– ပြန်ရောင်းမဲ့သူများက အခွန်မဆောင်ရတဲ့ပါမစ်ကိုကြိုက်သလို
– တကယ်နေမဲ့သူများကလည်းပိုခိုင်မာတဲ့ဂရန်ကိုရွေးကြပါတယ်။
ပါမစ်နှင့် ဂရန် ကို ဥပဒေအရ နှိုင်းယှဥ်ရင်
ဂရန်က ပိုခိုင်မာတာသေချာပါတယ်။
အမည်ပြောင်းလို့ရတယ်၊
ကန်ထရိုက်တိုက်ဆောက်လို့ရတယ်၊
ဘဏ်ချေးငွေလျောက်လို့ရတယ်။
တရားဝင်လွဲပြောင်းခွင့်ရှိတယ်…..စသည့်ဖြင့် ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်များရှိ
ပါတယ်။
သို့သော် ဂရန် ဆိုတိုင်း မစစ်ဆေးဘဲ မဝယ်သင့်ပါဘူး
စည်ပင်ကချပေးတဲ့မြေငှါးဂရန်မှာ
၁။ ပါမစ်မူရင်းကိုအပ်ပြီး လျောက်လို့ရတဲ့ဂရန်
[ဥပမာ- အမှုတွဲအမှတ်(ဒဂမ/ဂရသ/၂၀၁၇……….)]
၂။ပါမစ်ပျောက်လို့ ဂရန်လျောက်တာ
[ဥပမာ- အမှုတွဲအမှတ်(ဒဂမ/ဂရပ/၂၀၁၇……….)] ဆိုပြီး
၂မျိုးရှိပါတယ်။
၃။ဂရန်မူရင်း ပျောက်လို့ ပြန်လျောက်ရင် ဂရန်မိတ္တူဆိုတာရှိပါသေးတယ်။
(အဲဒီအကြောင်း နောက်အပတ်မှရေးပါ့မယ်)အမှတ်(၁)က ပါမစ်အစစ်ကိုအပ်ထားပြီး ဂရန်လျောက်လို့ရတာ ပြဿနာမရှိပါ။
မှတ်ချက်
ပါမစ်အတုကိုအပ်ပြီး ဂရန်လျောက်ထားရင် ခက်သွားပြီ။
ဂရန်မှာ အမှုတွဲအမှတ်က(ဂရသ/…)ဆိုတော့ စစ်ဖို့ခက်ပြီ။
ပါမစ်မူရင်းမပေါ်လာသရွေ့ သိကြမှာမဟုတ်ပါဘူး။(အဲဒီအကြောင်း နောက်အပတ်မှရေးပါ့မယ်)
ပြဿနာက အမှတ်စဥ်(၂)ပါ။
(တကယ်ပါမစ်ပျောက်ဆုံးသွားလို့ ဂရန်လျောက်တာမျိုးမဟုတ်ဘဲ)
ပါမစ်ပိုင်ရှင်က လူတဦး (A ) ကိုပါမစ်မူရင်းနဲ့ရောင်းထားတယ်။
Aက မြေကွက်ကိုလက်ရောက်ရထားပေမဲ့ ခြံခတ်ထားတာ၊နေထိုင်တာမရှိဘူး။
ဂရန်မကျခင်မှာ စည်ပင်က မြေတိုင်းဆင်းတဲ့အခါမှာ မြေကွက်မှာ ဘယ်သူပိုင်ဆိုင်ပါတယ်ဆိုပြီး အထောက်အထားမရှိဘူး။
ဒီတော့စည်ပင်က(ဂရပ/ …) ဆိုပြီးဂရန်အသစ်ထုပ်ပေးလိုက်တယ်။
အဲဒီဂရန်ကို ခုနက ရောင်းသူကနောက်တဦး (B)ကိုရောင်းတယ်။
ဆိုတော့ကာ မြေကွက်တကွက်တည်းကို ပါမစ်မူရင်းနဲ့ A ကပိုင်ထားတယ်။ ဂရန်မူရင်း ကို Bကပိုင်တော့ ၂မျိုးဖြစ်နေပြီ။
မြေကွက်အတ်ုင်းရှိနေရင်တော့အဲဒီပြသာနာကိုမသိကြသေးဘူး။
တဦးက ရောင်းတဲ့အခါဖြစ်ဖြစ်၊ နေတဲ့အခါဖြစ်ဖြစ် ကျန်တဦးကသိသွားမှ ပြသာနာစပါပြီ။
ပါမစ်ပျောက်အပ်ပြီး ဂရန်ရထားသူက B ကိုရောင်းတဲ့အခါ Bက စစ်ဆေးတယ်။ စည်ပင်မှာလည်း ဂရန်အမည်ပေါက် မှန်တယ်။
မြေကလည်းအလွတ်ဆိုတော့ Bက ဝယ်မိပြီ။
အမှုတွဲအမှတ်က (ဒဂမ/ဂရပ/၂၀၁၇……….) ကိုနားမလည်ဘူးလေ။
တချိန်မှာ A က သူ့မြေကွက်ကိုလာကြည့်တော့မှ B က ခြံခတ်ထားတာကို တွေ့ရပြီ။ပိုင်ရှင်၂ဦးဆုံကြပြီး၊စာရွက်စာတမ်းစစ်ရာမှာ တဖက်က ပါမစ်မူရင်းကိုရောင်းပြီး ပါမစ်ပျောက်နဲ့ဂရန်လျောက်တာသိရပြီ။
ဆက်ပြီး ရှင်းလင်းတဲ့အပိုင်းကတော့ လက်ရောက်ရတာ၊ မရတာပေါ်မူတည်ပါပြီ။
ကိုယ်က ပါမစ်အစစ်ဝယ်ထားမိသော်လည်း လက်ရောက်ယူထားဖို့ ၊
ဂရန်လျောက်ထားဖို့ စသည်ဖြင့် လုပ်သင့်တာကိုမလုပ်မိလို့ ပြဿနာဖြစ်ပြီး ဖြေရှင်းရပြီ။
တဖက်နဲ့တစ်ဖက်ညှိလို့မရရင် တရားဥပဒေအတိုင်းဖြေရှင်းကြရမယ်
ဒါကြောင့် မည်သည့်မြေအမျိုးအစားဖြစ်ပါစေ ..စစ်မှန်ဖို့၊လက်ရောက်ရဖို့ အရေးကြီးပါတယ်၊နားလည်တတ်ကျွမ်းတဲ့ သူများကို သင့်တင့်သော ဝန်ဆောင်ခများနဲ့ တိုင်ပင်ဆွေးနွေး၊ အပ်နှံကြပါလို့ အကြံကောင်းပေးပါရစေ။
………………… ………………….
#လူကြီးမင်းရွေးချယ်မှုမှန်ကန်စေရမည်
………………… ………………….
ဒေါ်ခင်ယမုံဇော်
09885032315
(စဥ်၄၇၄၅၉)
LL.B,(Q)(HGP)
စံပယ်အိမ်ခြံမြေ
မြေကွက်ရောင်းဝယ်ရေးနှင့် ဥပဒေပိုင်းဝန်ဆောင်မှု အကျိူးဆောင်လုပ်ငန်း
အမှတ်(၇၂၇)ပြည်ထောင်စုလမ်းမကြီး၊
(၃၇)ရပ်ကွက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြိ့နယ်။