စာချုပ်ချုပ်ဆိုလို့သာ ချုပ်လိုက်ကြပါတယ်၊ စာချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့
သဘောပြုလုပ်ကြတာများပါတယ်။
ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး၊
သို့သော် ဖြစ်ခဲ.ရင် ဘယ်လိုရှင်းကြမလဲ ?
စာချုပ်ကို သေချာမချုပ်ဆိုခဲ့ရင် စိတ်ညစ်စရာ အများကြီးနဲ့ ဖြေရှင်းရ
တာတွေ နောက်ပိုင်းကြုံတွေ့ကြရပါတယ်။
ဒါဟာ စာချုပ်မှာ ပါဝင်သင့်တဲ့အချက်တွေ မပါဝင်ကြလို့ပါပဲ။
ဒါကြောင့် စာချုပ်ချုပ်တော့မယ်ဆိုရင် ပါဝင်သင့်တဲ့ အချက်တွေနဲ့
ပတ်သက်ပြီးတင်ပြလိုက်ပါတယ်ရှင်။
အိမ်ခြံမြေ ပတ်သက်ပြီး ချုပ်ဆိုတဲ့ စာချုပ်မျိုးဆိုရင် အောက်ပါအချက်တွေ
ကို သတိပြုပြီး ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုဖို့လိုပါတယ်။
အိမ်ခြံမြေ အရောင်းအဝယ်အတွက် စရံပေးမှနောက်ဆုံးငွေချေစာချုပ်
အောက်ပါအချက်အလက်တွေကို အရေးတကြီးထည့်သွင်းရမှာဖြစ်ပါတယ်။
စာချုပ်ကို ချုပ်တဲ့နေရာ၊ နေ့ရက်၊ ခုနှစ်သက္ကရာဇ်
စာချုပ်ချုပ်ဆိုသူတွေ – ရောင်းသူ၊ ဝယ်ယူသူနဲ့ သက်သေ(၂)ယောက်
(အားလုံးသည် ၁၈နှစ်ပြည့်ပြီးသူများ၊ရူးသွပ်ခြင်းမရှိသူများ ဖြစ်ရန်လို)
ရောင်းချမည့်ပစ္စည်း (ပစ္စည်း၏ အမျိုးအစား၊တည်နေရာ၊အကျယ်အဝန်း
အချက်အလက် အပြည့်အစုံ)
အဲဒီပစ္စည်းကို ဘာလုပ်ဖို့ချုပ်ဆိုကြတာလဲ (ကမ်းလှမ်းချက်နဲ့ သဘောတူ
ချက်)
ရောင်းချသူနှင့် ဝယ်ယူသူတို့၏ တာဝန်ယူမှု။
– စည်းကမ်းချက်များ(အတိအကျရေးသွင်းရန်)။
ငွေပေးချေမှု အပြည့်အစုံ (တန်ဖိုးငွေကို ဘယ်လိုပေးဆောင်ရမှာလဲ)
ပစ္စည်းကိုအပ်နှံရန်လိုအပ်ချက်အပြည့်အစုံ (တန်ဖိုးငွေပေးဆောင်တဲ့အတွက်
တစ်ဖက်က ဘာလုပ်ပေးမှာလဲ အတိအကျရေးသွင်းရန်)
အချိန်ကာလသတ်မှတ်ချက် (အတိအကျရေးသွင်းရန်)
– တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုလိုက်နာကြရမှာလဲ။
ပျက်ကွက်ခဲ့ရင် ပျက်ကွက်သူရဲ့ တာဝန်ကဘာလဲ။
တစ်ဖက်ရဲ့ ပျက်ကွက်မှုကြောင့် နစ်နာသူရဲ့ အကျိုးခံစားခွင့်က ဘာလဲ။
စာချုပ်ချုပ်ရာမှာ အထက်ပါ အချက်အလက်တွေ ပြည့်စုံစွာပါဝင်ရပါမယ်။
……………….……………….
အထက်ပါ အရောင်းအဝယ်အတွက် စရံပေးမှ နောက်ဆုံးငွေချေပြီး ပစ္စည်းကိုလက်ရောက်အပ်သည်အထိ ပြီးပြည့်စုံတဲ့ စာချုပ်စာတမ်းဝန်ဆောင်မှုတွေ အပ်နှံချင်တယ်ဆို စံပယ်အိမ်ခြံမြေမှာ ယုံကြည်စွာ လာရောက်အပ်နှံနိုင်ပါတယ်ရှင်။
ကျွမ်းကျင်သူများက စာရွက်စာတမ်းများကို စနစ်တကျ စစ်ဆေးပေးပြီး လိုင်စင်ရ ရှေ့နေမှ နှစ်ဦးနှစ်ဖက် မျှတသော ၊ ပြည့်စုံသော စရံပေး ၊ အရောင်း အဝယ်စာချုပ်များကို လူကြီးမင်းတိုကိုအကောင်းဆုံးဝန်ဆောင်ပေးလျှက်ရှိပါကြောင်း ..
အလားတူ အိမ်ခြံမြေ နှင့်ပတ်သက်သော အရောင်း/အဝယ်/အငှါး နှင့် ဥပဒေပိုင်းဆိုင်ရာလုပ်ငန်းအားလုံးကို ပါအကောင်းဆုံး ဝန်ဆောင်ပေးလျှက်ရှိပါကြောင်း …..
လူကြီးမင်း၏ရွေးချယ်မှုမှန်ကန်စေရမည်
အထက်ပါလုပ်ငန်းစဥ်များအတွက် တိုင်ပင်ဆွေးနွေးလိုပါက၄င်း
လုပ်ငန်းများအပ်နှံလိုပါက၄င်း
ဒေါ်ခင်ယမုံဇော်
အထက်တန်းရှေ့နေ
စဥ် – ၄၇၄၅၉/၂၀၁၆
၀၉ – ၈၈၅၀၃၂၃၁၅
စံပယ်အိမ်ခြံမြေအကျိုးဆောင်နှင့်ဥပဒေပိုင်းဝန်ဆောင်မှုလုပ်ငန်း