
အိမ်ဆိုတာ လူတိုင်းအတွက် ခိုနားရာလေး ဖြစ်သလို ..
လုံခြုံရာ အသိုက်အမြုံတစ်ခုလည်းဖြစ်ပါတယ်……
နားခိုရာလေးကို ပိုင်ဆိုင်ရုံနဲ့ မလုံလောက်ပါဘူး……
ထိန်းသိမ်းရမှာကိုလည်း သတိပြုစေလိုပါတယ်…..
စနစ်တကျထိန်းသိမ်းမှုကို မလုပ်ရင် အချိန်မတန်ခင် ယိုယွင်းပျက်စီးမှုတွေ၊ဆုံးရှုံးမှုတွေဖြစ်လာမှာပါ…
ဒါကြောင့် နွေမိုးဆောင်းဥတုသုံးပါးစလုံး အိမ်ကိုအမြဲစစ်ဆေးပြီး ပြင်သင့်တာပြင်၊ ထိန်းသိမ်းသင့်တာထိန်းသိမ်းရပါမယ်နော်…
အိမ်တစ်လုံးကို ထိန်းသိမ်းပုံကိုတော့
ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်
အိမ်ခေါင်မိုးနဲ့ မျက်နှာကျက်တွေကို စစ်ဆေးပါ
မိုးတွင်းအိမ်အတွင်း ရေမစိမ့်စေဖို့ ခေါင်မိုးပေါက်တွေ ရှိရင် ဖာဖို့နဲ့ နံရံကြားတွေ ရေစိမ့်ဝင်မှု နည်းစေတဲ့ သုတ်ဆေး သုံးဖို့ မမေ့ပါနဲ့နော်…
ညောင်ပင်တွေ ရှိမရှိ စစ်ပါ
ညောင်မြစ်စွဲသွားရင် အိမ်ပြိုတဲ့ထိ အန္တရာယ်ကြီးတာမို့ မိမိအိမ်ဘေး နောက်ရှေ့တွေမှာ ညောင်ပင်ပေါက်နေတာတွေ့ရင် ခုတ်ထွင်ဆားဖြူးပြီး နားလည်တဲ့သူနဲ့ ချက်ချင်းရှင်းပစ်ပါ…
လေဝင်လေထွက် ကောင်းပါစေ
နေ့အချိန် ပြတင်းပေါက်တွေဖွင့်ထားပြီး အိမ်အတွင်းက စိုထိုင်းဆတွေ လျော့သွားအောင်လုပ်ပေးရပါမယ်…အနံ့ဆိုးတွေလည်း လျော့စေတာမို့ ဒီအချက်ကို မမေ့နဲ့နော်…
ကြမ်းခင်းတွေ သန့်ရှင်းပါစေ
ကြမ်းတိုက်တဲ့အခါ ပိုးသတ်ဆေးနဲ့ ရေကို အချိုးကျရောပြီး ကြမ်းခင်းကိုသန့်ရှင်းပေးပါ…
တစ်လတစ်ကြိမ်လောက်တော့ ကြမ်းတိုက်ပေးရပါမယ်နော်…
ဒီလောက်ဆိုရင်တော့ အိမ်တစ်လုံးကို အချိန်မတန်ဘဲ ပျက်စီးစေမယ့်အကြောင်း
တွေ နည်းသွားမယ်လို့ ယုံကြည်ပါတယ်နော်
လူကြီးမင်းတို့ရဲ့ အိမ်ခြံမြေတွေ ရောင်းမှား၊ ဝယ်မှားမဖြစ်ဖို့ အကျိုးဆောင်လိုချင်ရင်တော့
စံပယ်အိမ်ခြံမြေ
မြေကွက်ရောင်းဝယ်ရေးနှင့် ဥပဒေပိုင်းဝန်ဆောင်မှု အကျိူးဆောင်လုပ်ငန်း
ရှိပါတယ်…
09-5032315
09-76 5032315
09-88 5032315
09-95 5032315
09-42 5004322
အမှတ်(၇၂၇) ပြည်ထောင်စုလမ်းမကြီး၊ (၃၇)ရပ်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်။