Search...

Currency: MMK

အိမ်ခြံမြေ အရောင်းအဝယ် (စရံပေး-ငွေချေ) စာချုပ်များအကြောင်း

စာချုပ်ချုပ်ဆိုလို့သာ ချုပ်လိုက်ကြပါတယ်၊ စာချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့ သဘောပြုလုပ်ကြတာများပါတယ်။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး၊ သို့သော် ဖြစ်ခဲ.ရင် ဘယ်လိုရှင်းကြမလဲ ? စာချုပ်ကို သေချာမချုပ်ဆိုခဲ့ရင် စိတ်ညစ်စရာ အများကြီးနဲ့ ဖြေရှင်းရ တာတွေ နောက်ပိုင်းကြုံတွေ့ကြရပါတယ်။ ဒါဟာ စာချုပ်မှာ ပါဝင်သင့်တဲ့အချက်တွေ မပါဝင်ကြလို့ပါပဲ။ ဒါကြောင့် စာချုပ်ချုပ်တော့မယ်ဆိုရင် ပါဝင်သင့်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတင်ပြလိုက်ပါတယ်ရှင်။ အိမ်ခြံမြေ ပတ်သက်ပြီး ချုပ်ဆိုတဲ့ စာချုပ်မျိုးဆိုရင် အောက်ပါအချက်တွေ ကို သတိပြုပြီး ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုဖို့လိုပါတယ်။ အိမ်ခြံမြေ အရောင်းအဝယ်အတွက် စရံပေးမှနောက်ဆုံးငွေချေစာချုပ် အောက်ပါအချက်အလက်တွေကို အရေးတကြီးထည့်သွင်းရမှာဖြစ်ပါတယ်။ စာချုပ်ကို ချုပ်တဲ့နေရာ၊ နေ့ရက်၊ ခုနှစ်သက္ကရာဇ် စာချုပ်ချုပ်ဆိုသူတွေ – ရောင်းသူ၊ ဝယ်ယူသူနဲ့ သက်သေ(၂)ယောက် (အားလုံးသည် ၁၈နှစ်ပြည့်ပြီးသူများ၊ရူးသွပ်ခြင်းမရှိသူများ ဖြစ်ရန်လို) ရောင်းချမည့်ပစ္စည်း (ပစ္စည်း၏ အမျိုးအစား၊တည်နေရာ၊အကျယ်အဝန်း …

ဘိုးဘပိုင်မြေနှင့်ပတ်သက်၍ အမည်ပြောင်းခြင်း၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များနှင့် သတိပြုစရာများအကြောင်

အထက်မြန်မာနိုင်ငံနှင့် အောက်မြန်မာနိုင်ငံတွင် သဘောအားဖြင့်တူညီသောမြေနှစ်မျိုးနှစ်စားရှိလာသည်။ အထက်မြန်မာနိုင်ငံ အောက်မြန်မာနိုင်ငံ (က) ဘိုးဘပိုင်မြေ – လက်ဝယ်ထားရှိပိုင်ဆိုင်သောမြေ (ခ) အရာတော်မြေ – အစိုးရကချထားပေးပိုင်ခွင့်ရှိသောမြေ ——————————-——————————— မြန်မာရှင်ဘုရင်များလက်ထက် —————-——— မြန်မာနိုင်ငံတွင် ဟိုးအရင်ရှင်ဘုရင်များလက်ထက်ကနေ ယခုအချိန်အထိ မြေမှန်သမျှ၏မူလပိုင်ရှင်သည် မင်း၊ အစိုးရဖြစ်သည်။ ထို့ကြောင့်လည်း ‌”ရေမြေသနင်းပြည့်ရှင်မင်း”ဟုခေါ် ကြသည်။ (က) ဘိုးဘပိုင်မြေ ဘိုးဘပိုင်မြေ(၃)မျိုးရှိသည်။ (၁) ဓားမဦးချမြေ ။ ။ ဘိုးဘပိုင်မြေကို ဓားမဦးချမြေဟုခေါ်တွင်သည်မှာ ရှေးတုန်းက တောကိုထွင်၍ လယ်တည်ခဲ့ကြသည်။ ဓါးမနှင့်တောကိုရှင်း၍ စိုက် ပျိုးရန် မြေထွင်ရာမှာ ဓါးမ၏ဦးချွန်သည် မြေကြီးထဲကျသည်အထိ ခုတ်ထွင်ရှင်း လင်းထားသည်ကို တင်စားပြီး ဓားမဦးချမြေဟုခေါ်ခြင်းဖြစ်သည်။ ဘိုးဘပိုင်မြေသည် ကိုယ်တိုင်ခုတ်ထွင်သည့်မြေ (သို့) ခုတ်ထွင်သည့် ဘိုးဘေးတို့ထံမှ အမွေဆက်ခံလာသည့်မြေမျိုးဖြစ်သည်။ (၂) မင်းပေးမြေ …

မြေပုံမြေရာဇဝင်အကြောင်းသိကောင်းစရာ

မြို့ကြီးပြကြီးများတွင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လိုအပ်ချက်အရ တိုက်ခန်းနေလူတန်းစားနှင့် လုံးချင်းအိမ်နေလူတန်းစား ဟူ၍ လူတန်းစား(၂)ရပ်ပေါ်ပေါက်လာပါသည်။ တိုက်ခန်းဝယ်ယူရန် လွယ်ကူသော် လည်း လုံးချင်းအိမ်ဝယ်ယူသူများ အတွက်မူ လက်ရောက်ရရုံသာမက ဥပဒေအရ ပိုင်ဆိုင်မှုရရန် အရေးကြီးပါသည်။ အရပ်ကတိစာချုပ်များမှတစ်ဆင့် မှတ်ပုံတင်စာချုပ်ကြီးချုပ်ဆိုပြီးမှသာ ဥပဒေအရ ပိုင်ဆိုင်နိုင်ရန် လုပ်ဆောင်မှုအဆင့်ဆင့်ကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါသည်။ အိမ်ခြံမြေအရောင်းအဝယ် မှတ်ပုံတင်စာချူပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင်ကို ဦးစွာ မဖြစ်မနေထုတ်ယူရန်လိုအပ်ပါသည်။ မြေကွက်တစ်ကွက်ဝယ်ယူမည်ဆိုလျှင် မြေပုံမြေရာဇဝင် ကိုအရင်စစ်ဆေးရမည်ဟုလည်း ဥပဒေတွင် ပြဌာန်းထားပါသည်။မြေပုံစာရွက်နှင့် မြေရာဇဝင်စာရွက် (၂)ရွက်ပေါင်းပြီး မြေပုံမြေရာဇဝင် ဟုခေါ်သည်။ စာချူပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ(၂၁)အရ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရောင်းဝယ်ခြင်း၊ ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်းစသည့်စာချုပ်များ မှတ်ပုံတင်ချုပ်ဆိုပါကမြေပုံရာဇဝင်မပါခဲ့လျှင် လက်ခံချူပ်ဆိုခြင်းမပြုရ လို့ပါရှိပါသည်။ မြေပုံမြေရာဇဝင်သည် နှစ်စဉ် အမြဲပြောင်းလဲအတည်ပြုရေးဆွဲနေရပါသော မြို့ပြမြေစာရင်းမှ ကောက်နှုတ်ချက်မိတ္တူသာဖြစ်၍ မှန်ကန်မှုရှိမရှိကို အိုးအိမ်ဦးစီးဌာန (သို့) မြို့တော်စည်ပင်တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။ …

GP,SP အကြောင်းသိကောင်းစရာများ

GPဆိုတာဘာလဲ??????? GP(General Power)ဆိုသည်မှာ အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှတစ်ခြားလူတစ်ဦးသို့ မိမိ၏ပိုင်ရေးဆိုင်ခွင့်အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ GP‌ (အထွေထွေကိုယ်စားလှယ်လွှဲစာ)ကို ပေးအပ်ခြင်းဖြစ်ပါသည်။ အိမ်ခြံမြေအရောင်းအဝယ်ကိစ္စရပ်များ၌ အလျင်စလိုမှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်၍ အခွန်ဆောင်ရန်ကိစ္စရပ်များ မဆောင်ရွက်နိုင်သေးသည့်အခြေအနေတွင် အဆင်ပြေသည့်အချိန်၌ဆောင်ရွက်နိုင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (GP) လွှဲအပ်ရယူကြပါသည်။ တရားစွဲဆိုခြင်းကိစ္စရပ်များအတွက်လည်း အခြားသူတို့နှင့်အမှုကိစ္စဆောင်ရွက်ရာ၌ ကိုယ်စားဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (GP) လွှဲအပ်ယူကြပါသည်။ SPဆိုတာဘာလဲ??????? SP(Special Power)ဆိုသည်မှာ အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပာယ်ရပြီး လူတစ်ဦးမှမိမိပိုင်ရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ (SP)ခေ် အထူးကိုယ်စားလှယ်လွှဲစာကိုပေးအပ်ခြင်းဖြစ်ပါသည်။ SP(Special Power)သည် လွှဲအပ်သူနှင့်သက်ဆိုင်သည့်အကြောင်းအရာ အမျိုးမျိုးပေါ်တွင်မဟုတ်ဘဲ လွှဲအပ်သူ၏လွှဲအပ်သည့် အထူးပြုအကြောင်းအ ရာအပေါ်သာလျှင် ကိုယ်စားဆောင်ရွက်စေလိုသည့်အခါ အထူးကိုယ်စားလှယ်လွှဲစာ(SP)ကို လွှဲအပ်ရယူကြသည်။ SP(Special Power)ပေးသည်ဆိုရာ၌ မြေအမည်ပေါက်သူကိုယ်တိုင်ပေးရမည်။ မြေကွက်တစ်ခု၏ SPရထားသူမှ အခြားလူတစ်ဦးသို့ ယင်းမြေကွက်နှင့်ပတ်သက်၍ …

စားကျက်မြေ အ‌ကြောင်း သိကောင်းစရာ

စားကျက်မြေဆိုသည်မှာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ ကျွဲ၊ နွားများကို မှီခို အားထားရသဖြင့် ယင်း ကျွဲ၊ နွားများအတွက် အစာရေစာ လုံလောက်စေရန် ကျွဲနွား စားကျက်မြေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စားကျက်မြေထိန်းသိမ်းခြင်းဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သည့် မြေဖြစ်ပါသည်။ စားကျက်မြေနှင့်ပတ်သက်၍ မြေနှင့်အခွန်တော်အက်ဥပဒေ ပုဒ်မ-၂၀၊ အောက်မြန်မာပြည်မြေနှင့် အခွန်တော် နည်းဥပဒေ-၆၆ မှ ၇၁ အထိ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်း အပိုဒ်-၂၆(၁)(ဂ) အထက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ-၇၅ မှ ၇၉ အထိ မြေနှင့် အခွန်တော် အမိန့်ဆင့်ဆိုချက်များ ၉၀ မှ ၁၀၈ အထိ အသီးသီး ပြဌာန်းထားသည်ကို တွေ့ရ ပါသည်။ မြန်မာနိုင်ငံမြေစာရင်းလက်စွဲ အပိုဒ်-၉၁၆ မှ ၉၂၈ အထိတွင် စားကျက်မြေများကိုစစ်ဆေး …

လယ်ယာမြေအ‌ကြောင်း တစ်စေ့တစ်စောင်း အပိုင်း(၂)

လယ်ယာမြေကို တစ်ခြားနည်းဖြင့် အသုံးပြုခြင်း။ ၁။ စီမံကိန်းလုပ်ငန်းကြီးများ။ နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ စီမံကိန်းလုပ်ငန်းကြီးများအတွက် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုလိုလျှင် ပြည်ထောင်စုဝန်ကြီးဌာန (သို့) နေပြည်တော်ကောင်စီ (သို့) တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအနေဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ မှတ်ချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြရမည်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရလျှင် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။ ၂။ အိမ်ရာတည်‌ဆောက်ခြင်း။ ကျေးလက်ဒေသများ (သို့) မြို့ပြဒေသများတွင် တိုးတက်လာသော လူဦးရေနှင့် တိုးပွားလာသော အိမ်ထောင်စုများအတွက် အိမ်ရာတည်ဆောက်ရန် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ရရှိနိုင်ပါသည်။ ကျေးလက်နေ လူနမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့် စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ လမ်း၊ တံတား၊ ကျေးလက်စျေး၊ ဘာသာရေး၊ အဆောက်အအုံ၊ သုဿာန်နှင့် အခြားလိုအပ်သော အဆောက်အအုံများအတွက် လယ်ယာမြေကို …

လယ်ယာမြေအကြောင်းတစ်စေ့တစ်စောင်း အပိုင်း (၁)

စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ယခင်က လယ်ယာမြေများကို စိုက်ပျိုးရန်အတွက်သာ အသုံးပြုကြပါသည်။ ယနေ့ခေတ်တွင်မူ လယ်ယာ‌မြေကို အခြားနည်းဖြင့်ပါ သုံးစွဲလာကြသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် လယ်သမား/လယ်ယာမြေနှင့် ပတ်သက် သည့် ဥပဒေ၊ ဥပဒေသစ်များကို နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ ဤဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ်-(၁၁/၂၀၁၂) အဖြစ် (၃၀.၃.၂၀၁၂) ရက်နေ့တွင် ပြဌာန်းလိုက်သည်။ အရင်က အသုံးပြုခဲ့သည့် (၁)၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်အက်ဥပဒေ၊ (၂) ၁၉၆၃ခုနှစ် သီးစားချထား ဥပဒေ၊ ၁၉၆၃ခုနှစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေများကို ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ ဤဥပဒေအရ တောင်သူလယ်သမားများသည် မိမိတို့လက်ရှိလုပ်ကိုင်အသုံးပြုနေသော လယ်ယာမြေကို မှတ်ပုံတင်ကာ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိတော့မည်ဖြစ်သလို မိမိပိုင်ဆိုင်သည့် လယ်ယာမြေများကို လက်ရှိထားပိုင်ခွင့်၊ ဌားရမ်းခွင့်၊ လုပ်ပိုင်ခွင့်၊ ရောင်းချခွင့်၊ ပေးကမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေါင်နှံခွင့် စသည့်အခွင့် …

မြေအမျိုးအစား ဘယ်နှမျိုးရှိသလဲ

မြေအမျိုးအစား ဘယ်နှမျိူးရှိလဲ ပါမစ်မြေ၊ ဂရန်မြေဆိုတာ ဘာတွေလဲ မြေအမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားထားပါတယ်။ (က) ဘိုးဘပိုင်မြေ (မြေပိုင်မြေ) အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဉပဒေပုဒ်မ(၄) ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချ ပိုင်ဆိုင်လာပြီး လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေအမျိုးအစား ဖြစ်ပါသည်။ (ခ) မြေငှားဂရန်မြေ ရန်ကုန်စည်ပင်သာယာ မြေနည်းဉပဒေအရ ကော်မတီ (ယခင် ရန်ကုန်စည်ပင်သာယာအဖွဲ့/ မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေး ဉီးစီးဌာန) သို့ အပ်ထားသည့် မြေများကို စည်းကမ်းချက်များ သတ်မှတ်၍ နှစ်ကာလ အပိုင်းအခြားဖြင့် အဌားချထားသည့် မြေမျိုးဖြစ်ပါသည်။ (ဂ) စကွာတာမြေ မြေငှားဂရန် မယူခဲ့၍သော်လည်းကောင်း၊ မြေငှားဂရန် သက်တမ်းကုန်ဆုံးပြီးနောက် သက်တမ်းအသစ် လဲလှယ်ခြင်း မပြုခဲ့၍သော်လည်းကောင်း၊ ဂရန်စည်းကမ်းချက်ပါ တရပ်ရပ် ဖောက်ဖျက်ခဲ့၍လည်းကောင်း၊ စကွာတာကျူးလွန်ခြင်းပြေစာ ဖြင့် …

ပါမစ်မြေအကြောင်းသိကောင်းစရာ

မြန်မာနိုင်ငံတွင် ကျေးလက်မြို့ရွာများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြေယာနှင့်အဆောက်အအုံဆိုင်ရာပြဿနာ အများအပြား ကြုံတွေ့လာကြရပါ သည်။ ရန်ကုန်နှင့်မန္တလေးကဲ့သို့ မြို့ကြီးပြကြီးများ၌ ယခင်န.ဝ.တလက်ထက်ကချပေးခဲ့သည့် ပါမစ်မြေများနှင့်ပတ်သက်၍ အ များ သူငါသိကောင်းစရာအဖြစ် တင် ပြပေးခြင်းဖြစ်ပါသည်။ ပါမစ်မြေ(အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)ဆိုသည်မှာ မြေနေရာချထားသည့် အမိန့်ဖြစ်ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက် ရေးအဖွဲ့(န.ဝ.တ)လက်ထက်တွင် မြန်မာနိုင်ငံအနှံ့အပြား၌ မြို့သစ်များဖော်ထုတ်သည့် စီမံကိန်းများကို နိုင်ငံတော်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်တိုင်းရှိ ဒဂုံမြို့သစ်၊ ရွှေပြည်သာ၊ လှိုင်သာယာ စသည့်မြို့များတွင် ပါမစ်မြေများကိုစတင်၍ သတ်မှတ်ချထားပေးခဲ့ပါသည်။ – ကိုယ်ပိုင်အိမ်ရာမရှိသော လုပ်သက်နှစ် ( ၂၀ )နှင့်အထက် နိုင်ငံဝန်ထမ်းများကိုမဲစနစ်ဖြင့်ချထားပေးသောမြေဖြစ်ပါသည်။ – ၎င်းနောက်ရပ်ကွက်ပြောင်းရွှေ့သောပြည်သူများကိုလည်းချထားပေးပါသည်။ ……………………………… ပါမစ်မြေချထားခံရသူကို ချထားပေးသည့် ပါမစ်စည်းကမ်းချက်များအရဆိုလျှင်- ၁။ မြေရရှိသူသည်( ၇ )ရက်အတွင်း သက်ဆိုင်ရာမြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် သွားရောက်၍ မှတ်ပုံတင်ပြီးမြေကိုလက်ခံရပါမည်။ ၂။ …

ဂရန်မြေဆိုတာ ဘာလဲ

ဂရန်မြေဆိုသည်မှာ နိုင်ငံတော်အစိုးရက မြို့မြေအဖြစ် အမိန့်ကြေငြာစာထုတ်ပြန်ပြီးသောမြို့များဟူ၍ရှိရာ ယင်းမြို့များတွင် မြို့မြေ၏အင်္ဂါရပ်နှင့် ညီညွှတ်စေရန်နှင့် လူနေရပ်ကွက်များအဖြစ် ကျန်းမာရေး၊ မီးဘေးလုံခြုံရေး၊လူမှုရေး၊ ပညာရေး၊ စည်ပင်သာယာရေး အစရှိသော လူနေမှုဘဝပြည့်စုံစေရေးအလို့ငှ ာရည်ရွယ်၍ ဂရန်၊ အငှားဂရန်၊ လိုင်စင်မြေများကို လူနေထိုင်ရန်၊ စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန်၊ အများပြည်သူအကျိုးအတွက် အသုံးပြုရန် စသဖြင့် ချမှတ်ပေးလေ့ရှိသည့် မြေမျိုးကိုဆိုလိုသည်။ ထိုသို့ချမှတ်ပေးရာတွင် ဂရန်မြေများကို နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများ၌ သက်ဆိုင်ရာစည်ပင်သာယာ‌ရေးကော်မတီတို့မှ အမှုတွဲများဖွင့်လှစ်ဆောင်ရွက်ချထားပေးပါသည်။ အခြားတိုင်း‌ဒေသကြီးနှင့်မြို့နယ်များ မြို့မြေအဖြစ်သတ်မှတ်ထားသည့် မြို့များတွင်မူ ခရိုင်အုပ်ချုပ်ရေးမှူးများကချမှတ်ပေးပါသည်။ ဂရန်အမျိုးအစားများကို- (က) အခွန်လွတ်မြေဂရန် (ခ) မြေငှားဂရန်စာချုပ် ဟူ၍ခွဲခြားထားပါသည်။ (က) အခွန်လွတ်မြေဂရန်ဆိုသည်မှာ ဘာသာရေးဆိုင်ရာ အဆောက်အအုံဆောက်လုပ်အသုံးပြုရန်အတွက်လည်းကောင်း၊ အများပြည်သူနှင့်သက်ဆိုင်သည့် ဝင်ငွေရရန်ကိစ္စရပ်များကို အသုံးပြုရန်အတွက်လည်းကောင်း နိုင်ငံတော်က စီမံခန့်ခွဲ၍ မြေလွတ်မြေလပ်များကို အခွန်လွတ်မြေဂရန်ထုတ်ပေးနိုင်ပါသည်။ ထိုကဲ့သို့သော ဂရန်မြေကိုထုတ်ပေးရာ၌ …